“သမီးက အထဲမှာ ထမင်းဝအောင်မစားရဘူး၊ အိမ်သာရေနဲ့ ရေချိုးရတယ်၊ အထဲက အကြောင်းတွေ မေးတာ ဘာမှပြန်မပြောဘူး၊ စိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မယ်” မစုထက်ဝိုင်းရဲ့ဖခင်ဖြစ်သူကိုစိုးဌေးကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာအခုလိုရေးသားထားတာပါ။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ စစ်အာဏာရှင်ဖြုတ်ချရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သူ ကိုစိုးဌေး၏ အသက် ၅ နှစ်အရွယ် သမီးငယ်စုထက်ဝိုင်း ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာပြီး အခုအချိန်မှာ လုံခြုံတဲ့တနေရာရောက်ရှိပြီဟု ကိုစိုးဌေးမှ သု၏လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြထားပါတယ်။
” သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှ ပြန်လွတ်လာပါတယ်၊ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေးက ရေးသားထားသည်။
စ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့ရှိ ကိုစိုးဌေးနေအိမ်သို့ အဓမ္မဝင်ရောက်ခဲ့ပြီး ဖခင်ဖြစ်သူကို မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို တရားမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်ပတ်ကျော်ကြာချိန်မှ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်း တစ်ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။ ဇနီး နှင့် ကျန်သမီးတယောက်ကျန်ရှိနေဆဲဖြစ်သည်။
ယခုလို သမီးငယ်လေး စုထက်ဝိုင်း ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားပေးကြသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးမှ ဆက်လက် ပြောဆိုသည်။
ဇနီးနှင့် သမီးတစ်ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကိုစိုးဌေးနှင့် သားနှစ်ဦးမှာ မတရားဖမ်းဆီးမခံရရေး ရှောင်တိမ်းနေကြရသည်။
(အသက်၅နှစ်အရွယ်မစုထက်ဝိုင်းကိုစစ်ကောင်စီကဖမ်းဝရမ်းထုတ်ထားတဲ့သူ့ရဲ့ဖခင်ကိုမတွေ့တာကြောင့်သူနဲ့သူ့မိခင်အပါအဝင်သူ့ရဲ့အမဖြစ်သူကိုပါစစ်ကောင်စီတပ်တွေကမိုးကုတ်မြို့နေအိမ်မှဖမ်းဆီးသွားပြီးရက်ပေါင်း၂၀ကျော်လောက်မိုးကုတ်ထောင်မှာဖမ်းဆီးထားခဲ့တာပါ)
zawgyi/