ကိုးရီးယား နိုင်ငံတွင် ” မြန်မာ့ နွေဦးတော်လှန်ရေး ဓာတ်ပုံ ပြပွဲ” ပြုလုပ်ကျင်းပခဲ့

ကိုးရီးယားနိုင်ငံ ဂ​ယောင်းဂီ​ဒေသမှာ ဇွန်လ(၂၈)ရက် ဒီကနေ့ တွင် နွေဦး​တော်လှန်​ရေး ဓါတ်ပုံ ပြပွဲ တခု ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ပွဲကို ဂယောင်းဂီ တိုင်းမှုး ကိုယ်တိုင် တက်ရောက်မိန့်ခွန်း​ပြောကြားခဲ့ပါသည်။ ထို့အပြင် ကိုရီးယားရဲ့ နာမည်ကျော် တေးရေးဆရာ ဂင်မ်ဟျောင်းဆော့ဂ်က မြန်မာ့ တော်လှန်ရေးအတွက် သီချင်းသစ် တစ်ပုဒ် ရေးစပ်ပေးထားခဲ့ပြီးလျင် ထိုသီချင်းကို အဆိုတော် ဂျောင်းမီးလ်အာက သီဆိုပေးသွားခဲ့ပါသည်။

ကိုးရီးယား​ပြည်သူများနှင့် ကိုးရီးယား​ရောက် မြန်မာနိုင်ငံသား များတက်​ရောက်ခဲ့သည့် အဆိုပါ ပွဲကို အခမ်းအနားမှူးအဖြစ် စီစဥ်တင်ဆက်​ပေးသူက​တော့ မြန်မာပြည်မှ စာ​ရေးဆရာမ ချမ်းမြမြ​သော် ဖြစ်ပါသည်။

ဆရာမ ချမ်းမြမြ​သော် သည် မြန်မာ့ “Spring Revolution ” အ​ကြောင်းကို နာမည်​ကျော်ကိုးရီးယားရုပ်သံများ၊နာမည်​ကျော် ကိုးရီးယား အနုပညာရှင်များ ဖြင့် တွဲဖက်ပြီး ကမ္ဘာကသိ​အောင်စဥ်ဆက်မပျက် တင်ဆက်​ပေး​နေသူတစ်​ယောက်လည်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *