Boycott လုပ်တာကိုမကျေနပ်၍ ဘာသာရေးမှိုင်းတိုက်မူများရှိနေ

Boycott လုပ်တာကိုမကျေနပ်၍ ဘာသာရေးမှိုင်းတိုက်မူများရှိနေ

Boycott အောင်မြင်တယ်ဆိုတာယခုအချိန်ထိတော့တိတိကျကျအောင်မြင်မူမရှိသေးဘူးလို့ပဲမြင်ပါတယ်။ အခုလက်တစ်လောပြောရရင် ဖြူဖြူထွေးကိုပဲကြည့်ရရင် လုပ်ငန်းပေါင်း (၂၀)ကျော်ကကြော်ငြာတွေ ဖြုတ်ချခဲ့ပေမယ့် Boycott အောင်မြင်တယ်လို့မပြောနိူင်ပါဘူး။


ယခုနောက်ပိုင်းမှာ Boycott လုပ်ခံရသည့် အနုပညာရှင်တစ်ချိူ့ဟာ ဘာသာရေးမှိုင်းတိုက်မူများဖြင့် တစ်ဖက်လှည့်အာရုံးပြောင်းလာခဲ့ကြပါတယ်။ Boycott လုပ်နေခြင်းသည် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းသာဖြစ်ပြီးဘာသာရေးနှင့်လုံးဝမသက်ဆိုင်ပါ။

Boycott စနစ်ကြီးပြိုလဲသွားအောင် ဘာသာရေးမှိုင်းတိုက်ပြီးဖြိုခွဲပစ်တာမျိူးတွေ့နေရပြီး။ လူငယ်တစ်ချိူ့ကိုတောင်းဆိုချင်တာက ထိုသို့ဘာသာရေးမှိုင်းတိုက်နေသည့် အရာများကို မပါဝင်ပဲ။ အာဏာရှင်စနစ်ကိုတော်လှန်သည့် Boycott စနစ်ကိုသာကျင့်သုံးကြဖို့တောင်းဆိုပါတယ်။

ဥပမာပြောရမယ်ဆိုရင် အနုပညာရှင်တစ်ယောက်ကို Boycott လုပ်ဖို့ဆိုတာ အရမ်းကိုမလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။လူတွေချစ်ခြင်းခံရပြီး အောင်မြင်လာတဲ့ လူတစ်ယောက်ကို ဖြုတ်ချပြစ်ဖို့ဆိုတာ မြန်မာနိူင်ငံအခြေအနေအရအရမ်းကိုခက်ခဲလှပါတယ်။

အလှူအတန်းလုပ်ပြလိုက်တာနဲ့ လူတွေပြန်လက်ခံလာလိမ့်မယ်လို့ တစ်ယူသန်အယူအဆတွေကြောင့် Boycott လုပ်ခံလိုက်ရတဲ့အနုပညာရှင်တွေက ပြန်ပြီးနေရာယူလာခဲ့ပါတယ်။Boycott ဆိုတာအာဏာသိမ်းပြီးမှ ရှိလာခဲ့တာမဟုတ်ပါဘူး ဟိုအရင်ကတည်းရှိလာခဲ့ပြီး စကားလုံးအရမတွင်ကျယ်တာမျိူးပဲရှိခဲ့တာပါ။


Personal အရ Boycott လုပ်တာမျိူးကိုတော့ လက်ခံလို့မရပါဘူး Group တစ်ခုမှာ Personal အမုန်းတရားတွေအရတိုက်ခိုက်တာမျိူးတွေ တွေ့နေရပါတယ်။ ဒါဟာ နည်းလမ်းမကျပါဘူ။

ဖြစ်နိူင်ရင် Boycott လုပ်တော့မယ်ဆိုရင် နောက်ကြောင်းနဲ့ ရာဇာဝင်တွေကိုသေချာလေ့လာပြီးလုပ်ဖို့ပိုပြီးသင့်တော်ပြီး၊ စနစ်ကျလိမ့်မယ်လို့ထင်တယ်။

ပြီးတော့ PDF လိုစနစ်ကျတဲ့အဖွဲ့အစည်းတစ်ခု လို့ပေါ်ပေါက်လာရင် ပိုပြီးကောင်းလိမ့်မယ်။ အခုတွေ့နေရတာကထင်ရာမြင်ရာအကုန် Boycott နေတော့ တစ်ဖြည်းဖြည်းနဲ့ ဖရိုဖရဲနိူင်လာပြီး Boycott ဆိုတဲ့ စကားလုံးပါ အပေါ့စားဆန်လာတာမျိူး ဖြစ်လာနိူင်ပါတယ်။

Boycott ဟာတော်လှန်ရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအားလုံးသိနှင့်ပြီးသားပါ၊ ကျနော်တို့စစ်တပ်ပိုင် ကုန်ပစ္စည်းတော်တော်များများကို ထိိထိရောက်ရောက်လုပ်နိူင်ခဲ့ကြတယ်။ ဒါပေမဲ့အကုန်မဟုတ်သေးပါဘူး အများကြီးရှိနေပါသေးတယ်။

ကျနော်တို့စနစ်တကျနဲ့ အကောင်အထည်ဖော်နိူင်ဖို့ ကြိုးစားကြရင် ဒီတော်လှန်းရေးဟာသိပ်မကြာခင်အောင်မြင်လာနိူင်တော့မှာပါ။

Leave a Reply

Your email address will not be published.