ကိုဗစ်ဖြစ်ပွားမှု ပြင်းထန်နေသည့် အိန္ဒိယတွင် မြစ်ကမ်းပါးပေါ်၌ မြှုပ်နှံထားသည့် အလောင်းများစွာ တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ဂင်္ဂါမြစ် ကမ်းပါးတွေပေါ် တင်လာတဲ့ လူသေအလောင်းတွေနဲ့ သဲသောင်တွင်းတိမ်များမှာ မြှုပ်နှံထားတဲ့ အလောင်းတွေ တွေ့ရှိခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက် ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်းရှိ ကျေးရွာသားတွေကို ဆက်သွယ်မေးမြန်းမှုတွေလုပ်နေကြောင်း သိရပါတယ်။ ယင်လောင်းတွေဟာ ကိုဗစ်လူနာတွေရဲ့ အလောင်းတွေဖြစ်တယ်ဆိုကာ လူမှုကွန်ရက်ပေါ်မှာ ထင်မြင်ချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဂျစ်ကားတွေ၊ လှေတွေနဲ့ ရောက်ရှိလာတဲ့ ရေတပ်ဖွဲ့ဝင်တွေဟာ လူထုအနေနဲ့ မြစ်ထဲကို အလောင်းတွေ မစွန့်ပစ်ကြဖို့ရာ ဟမ်းစပီကာတွေနဲ့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။ နောက်ဆုံးခရီးအတွက် ထုံးတမ်းစဉ်လာတွေကို စီမံဆောင်ရွက်နိုင်ကြစေရေး အကူအညီပေးဖို့ မိမိတို့ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။သောကြာနေ့မှာ မိုးရွာသွန်းမှုတွေကြောင့် ဥတာပရာဒေ့ရှ်ပြည်နယ် Prayagraj မြို့ရှိမြစ်ကမ်းပါးပေါ်က သဲတွင်းတိမ်တွေမှာ မြှုပ်နှံထားတဲ့ အလောင်းတွေရဲ့ အပေါ်ယံဝတ်ရုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း မြစ်ထဲကနေ ကိုဗစ်လူနာအလောင်း ၁၀၀၀ ကျော် ပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့ ဒေသတွင်း မီဒီယာသတင်းဖော်ပြချက်တွေကို ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နေ့ဗ်နက် ဆာဂဲလ်က တနင်္ဂနွေနေ့(မေ ၁၆) မှာ ငြင်းဆိုသွားခဲ့ပါတယ်။ “ဒီအလောင်းတွေဟာ ကိုဗစ်-၁၉ နဲ့ ဘာမှမဆိုင်ပါဘူးလို့”၎င်းက ပြောဆိုခဲ့ပါတယ်။
အချို့ရွာသားတွေဟာ ဘာသာရေးအရ အရေးပါတဲ့ ကာလအတောအတွင်း ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း သင်္ဂြိုလ်မခံခဲ့ရဘဲ သူတို့ရဲ့အလောင်းတွေကို မြစ်ထဲ မျှောပစ်ခြင်း၊ မြစ်ကမ်းပါးပေါ် မြှုပ်နှံပစ်ခြင်းတို့ လုပ်ခဲ့ကြကြောင်း ၎င်းက ပြောဆိုပါတယ်။အာဏာပိုင်တွေအနေနဲ့ Prayagraj မြစ်ကမ်းပါးပေါ်မှာ ကိုဗစ်နဲ့ သေဆုံးသူတွေအတွက် မီးသင်္ဂြိုလ်နေရာသတ်မှတ်ပေးခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ကေပီ ဆင်းက ပြောဆိုခဲ့ပြီး မြစ်ကမ်းဘေးမှာ မြှုပ်နှံသင်္ဂြိုလ်တာမျိုးကို ရဲတပ်ဖွဲ့က ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ဆာဂဲလ်ပြည်နယ် အာဏာပိုင်တွေဟာလည်မြစ်ကမ်းပါးပေါ်ကနေ အလောင်းအရေအတွက်အနည်းငယ် တွေ့ရှိခဲ့တယ်လို့ ၎င်းက ပြောဆိုပေမယ့် အရေအတွက်တိအကျကိုတော့ မပြောခဲ့ပါဘူး။ကျန်းမာရေး တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်နီးချင်း ဘီဟာပြည်နယ်ရှိ ဂင်္ဂါမြစ်တွင်းကနေ အလောင်း ၇၁ လောင်းကို ဆယ်ယူခဲ့ကြပါတယ်။ တာဝန်ရှိသူတွေဟာ အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုတွေ လုပ်ခဲ့ကြပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်ခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဂင်္ဂါမြစ် ကမ်းပါးတွေပေါ် တင်လာတဲ့ လူသေအလောင်းတွေနဲ့ သဲသောင်တွင်းတိမ်များမှာ မြှုပ်နှံထားတဲ့ အလောင်းတွေ တွေ့ရှိခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက် ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်းရှိ ကျေးရွာသားတွေကို ဆက်သွယ်မေးမြန်းမှုတွေလုပ်နေကြောင်း သိရပါတယ်။ ယင်းအလောင်းတွေဟာ ကိုဗစ်လူနာတွေရဲ့ အလောင်းတွေဖြစ်တယ်ဆိုကာ လူမှုကွန်ရက်ပေါ်မှာ ထင်မြင်ချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။ဂျစ်ကားတွေ၊ လှေတွေနဲ့ ရောက်ရှိလာတဲ့ ရေတပ်ဖွဲ့ဝင်တွေဟာ လူထုအနေနဲ့ မြစ်ထဲကို အလောင်းတွေ မစွန့်ပစ်ကြဖို့ရာ ဟမ်းစပီကာတွေနဲ့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။ နောက်ဆုံးခရီးအတွက် ထုံးတမ်းစဉ်လာတွေကို စီမံဆောင်ရွက်နိုင်ကြစေရေး အကူအညီပေးဖို့ မိမိတို့ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။
သောကြာနေ့မှာ မိုးရွာသွန်းမှုတွေကြောင့် ဥတာပရာဒေ့ရ်ှပြည်နယ် Prayagraj မြို့ရှိ မြစ်ကမ်းပါးပေါ်က သဲတွင်းတိမ်တွေမှာ မြှုပ်နှံထားတဲ့ အလောင်းတွေရဲ့ အပေါ်ယံဝတ်ရုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း မြစ်ထဲကနေ ကိုဗစ်လူနာအလောင်း ၁၀၀၀ ကျော် ပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့ ဒေသတွင်း မီဒီယာသတင်းဖော်ပြချက်တွေကို ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ နေ့ဗ်နက် ဆာဂဲလ်က တနင်္ဂနွေနေ့(မေ ၁၆) မှာ ငြင်းဆိုသွားခဲ့ပါတယ်။ “ဒီအလောင်းတွေဟာ ကိုဗစ်-၁၉ နဲ့ ဘာမှမဆိုင်ပါဘူးလို့”၄င်းက ပြောဆိုခဲ့ပါတယ်။
အချို့ရွာသားတွေဟာ ဘာသာရေးအရ အရေးပါတဲ့ ကာလအတောအတွင်း ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း သင်္ဂြိုလ်မခံခဲ့ရဘဲ သူတို့ရဲ့အလောင်းတွေကို မြစ်ထဲ မျှောပစ်ခြင်း၊ မြစ်ကမ်းပါးပေါ် မြှုပ်နှံပစ်ခြင်းတို့ လုပ်ခဲ့ကြကြောင်း ၄င်းက ပြောဆိုပါတယ်။အာဏာပိုင်တွေအနေနဲ့ Prayagraj မြစ်ကမ်းပါးပေါ်မှာ ကိုဗစ်နဲ့ သေဆုံးသူတွေအတွက် မီးသင်္ဂြိုလ်နေရာသတ်မှတ်ပေးခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ကေပီ ဆင်းက ပြောဆိုခဲ့ပြီး မြစ်ကမ်းဘေးမှာ မြှုပ်နှံသင်္ဂြိုလ်တာမျိုးကို ရဲတပ်ဖွဲ့က ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
ဆာဂဲလ်ပြည်နယ် အာဏာပိုင်တွေဟာလည်း မြစ်ကမ်းပါးပေါ်ကနေ အလောင်းအရေအတွက်အနည်းငယ် တွေ့ရှိခဲ့တယ်လို့ ၄င်းက ပြောဆိုပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။ကျန်းမာရေး တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်နီးချင်း ဘီဟာပြည်နယ်ရှိ ဂင်္ဂါမြစ်တွင်းကနေ အလောင်း ၇၁ လောင်းကို ဆယ်ယူခဲ့ကြပါတယ်။ တာဝန်ရှိသူတွေဟာ အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုတွေ လုပ်ခဲ့ကြပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်ခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။ CNA

Leave a Reply

Your email address will not be published. Required fields are marked *