Facebook မှာ Post တင်မှတော်လှန်းရေးလို့ထင်နေရင် ငါကိုလည်း Boycott စာရင်းသာထည့်လိုက်ပါဆိုတဲ့ ၊ ရဲရင့်အောင်

Facebook မှာ Post တင်မှတော်လှန်းရေးလို့ထင်နေရင် ငါကိုလည်း Boycott စာရင်းသာထည့်လိုက်ပါဆိုတဲ့ ရဲရင့်အောင်

 လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး နေ့စဉ် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာကြောင့် သူ့ရဲ့လှုပ်ရှားနေမှုတွေကို အပြည့်အစုံ မဝေမျှနိုင်တာ ဖြစ်ပါတယ်။

မနေ့ညက သူ့ရဲ့ Facebook Story မှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမတွေ့လို့ အပြစ်တင် ဝေဖန်နေတဲ့ လူတစ်ချို့ ချက်ကျလက်ချ ပြန်ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။ 

သူကတော့ ဘာတွေလုပ်ခဲ့တယ်၊  ဘယ်နေရာမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာ အကုန်ထုတ်ပြောပြီး ကိုယ့်သေတွင်း ကိုယ်တူးပြမှ၊ နေ့စဉ် ဖြစ်ပျက်နေတာတွေကို Facebook မှာ post တင်ပေးနိုင်မှ တော်လှန်တယ်လို့ သတ်မှတ်နေတယ်ဆိုရင် သူ့ကိုလည်း boycott စာရင်းထဲသာ ထည့်လိုက်ကြဖို့ စိတ်မကောင်းစွာ အခုလိုရေးသားလာခဲ့ပါတယ်။

” ဘာတွေလုပ်ခဲ့တယ် ဘယ်လိုတွေ လုပ်ခဲ့ရတယ် အခုဘာတွေလုပ်နေတယ် ဘယ်နေရာမှာ ဘယ်လိုနေနေရတယ်ဆိုတာတွေကို အကုန်ထုတ်ပြောပြပြီး ကိုယ့်သေတွင်းကိုယ်တူးပြမှ  နေ့စဉ်ဖြစ်သမျှ သတင်းတွေကို အများနဲ့တန်းတူ နားစွင့်နေရတဲ့ အခြေအနေမျိုးထဲ  သူများလာပြောပြမှ သိရတဲ့ အခြေအနေမျိုးထဲ နေ့တိုင်း Facebook မှာpost တွေ တင်ပေးနိုင်မှ တော်လှန်နေတယ်လို့ သတ်မှတ်တယ်ဆိုရင်တော့ ငါ့လည်း boycott စာရင်းထဲသာ ထည့်လိုက်ပါတော့ကွာ ဆုံးရှုံးစရာလည်း ကုန်သွားပါပြီ။ ငါဘာတွေလုပ်နေလဲဆိုတာ ငါပဲသိတယ်။ February (ရက်နေ့မနက် (နာရီကစပြီး ငါလုပ်သမျှအရာတွေက မင်းတို့သဘောကျဖို့အတွက် မဟုတ်ဘူး။ ငါ့ယုံကြည်ချက်နဲ့ငါပါ  အားတဲ့အချိန် စိတ်ထွက်ပေါက်အနေနဲ့ သုံးတဲ့ Instagram ပို့စ်တွေအောက်မှာ အာလာချောင်တာတွေ ရပ်ပါတော့ ငါတို့လုပ်စရာရှိတာတွေကို တတ်နိုင်တဲ့ဘက်ကနေ သိုသိုသိပ်သိပ်လုပ်နေလို့ မရဘူးလား? ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *