Boycott တကယ်အောင်မြင်လာပြီလား?

Boycott တကယ်အောင်မြင်လာပြီလား?

Boycott အောင်မြင်တယ်ဆိုတာယခုအချိန်ထိတော့တိတိကျကျအောင်မြင်မူမရှိသေးဘူးလို့ပဲမြင်ပါတယ်။ အခုလက်တစ်လောပြောရရင် ဖြူဖြူထွေးကိုပဲကြည့်ရရင် လုပ်ငန်းပေါင်း (၂၀)ကျော်ကကြော်ငြာတွေ ဖြုတ်ချခဲ့ပေမယ့် Boycott အောင်မြင်တယ်လို့မပြောနိူင်ပါဘူး။

ကျနော်တို့ပါးစပ်ကသာ Boycott လုပ်နေကြပေမယ် Video တွေ ဓာတ်ပုံတွေတတ်လာရင် ကိုကိုယ်တိုင်က ကြည့်ရူသူတစ်ယောက်အဖြစ်ပါဝင်နေကြပါတယ်။ မုန်းလို့ပဲဖြစ်ဖြစ် ဒေါသဖြစ်ဖြစ်လို့ပဲကြည့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ကြည့်ဖြစ်လိုက်ကြပါတယ်။ အဲ့လိုကြည့်လိုက်ခြင်းအားဖြင့် အားပေးသူတစ်ယောက်အနေနဲ့ ပါဝင်သွားပြီဆိုတာပါပဲ။

ဥပမာပြောရမယ်ဆိုရင် အနုပညာရှင်တစ်ယောက်ကို Boycott လုပ်ဖို့ဆိုတာ အရမ်းကိုမလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။လူတွေချစ်ခြင်းခံရပြီး အောင်မြင်လာတဲ့ လူတစ်ယောက်ကို ဖြုတ်ချပြစ်ဖို့ဆိုတာ မြန်မာနိူင်ငံအခြေအနေအရအရမ်းကိုခက်ခဲလှပါတယ်။

အလှူအတန်းလုပ်ပြလိုက်တာနဲ့ လူတွေပြန်လက်ခံလာလိမ့်မယ်လို့ တစ်ယူသန်အယူအဆတွေကြောင့် Boycott လုပ်ခံလိုက်ရတဲ့အနုပညာရှင်တွေက ပြန်ပြီးနေရာယူလာခဲ့ပါတယ်။Boycott ဆိုတာအာဏာသိမ်းပြီးမှ ရှိလာခဲ့တာမဟုတ်ပါဘူး ဟိုအရင်ကတည်းရှိလာခဲ့ပြီး စကားလုံးအရမတွင်ကျယ်တာမျိူးပဲရှိခဲ့တာပါ။

Personal အရ Boycott လုပ်တာမျိူးကိုတော့ လက်ခံလို့မရပါဘူး Group တစ်ခုမှာ Personal အမုန်းတရားတွေအရတိုက်ခိုက်တာမျိူးတွေ တွေ့နေရပါတယ်။ ဒါဟာ နည်းလမ်းမကျပါဘူ။

ဖြစ်နိူင်ရင် Boycott လုပ်တော့မယ်ဆိုရင် နောက်ကြောင်းနဲ့ ရာဇာဝင်တွေကိုသေချာလေ့လာပြီးလုပ်ဖို့ပိုပြီးသင့်တော်ပြီး၊ စနစ်ကျလိမ့်မယ်လို့ထင်တယ်။

ပြီးတော့ PDF လိုစနစ်ကျတဲ့အဖွဲ့အစည်းတစ်ခု လို့ပေါ်ပေါက်လာရင် ပိုပြီးကောင်းလိမ့်မယ်။ အခုတွေ့နေရတာကထင်ရာမြင်ရာအကုန် Boycott နေတော့ တစ်ဖြည်းဖြည်းနဲ့ ဖရိုဖရဲနိူင်လာပြီး Boycott ဆိုတဲ့ စကားလုံးပါ အပေါ့စားဆန်လာတာမျိူး ဖြစ်လာနိူင်ပါတယ်။

Boycott ဟာတော်လှန်ရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအားလုံးသိနှင့်ပြီးသားပါ၊ ကျနော်တို့စစ်တပ်ပိုင် ကုန်ပစ္စည်းတော်တော်များများကို ထိိထိရောက်ရောက်လုပ်နိူင်ခဲ့ကြတယ်။ ဒါပေမဲ့အကုန်မဟုတ်သေးပါဘူး အများကြီးရှိနေပါသေးတယ်။

ကျနော်တို့စနစ်တကျနဲ့ အကောင်အထည်ဖော်နိူင်ဖို့ ကြိုးစားကြရင် ဒီတော်လှန်းရေးဟာသိပ်မကြာခင်အောင်မြင်လာနိူင်တော့မှာပါ။

ကိုနိူင်လွင်(ဗန်းမော်)

Leave a Reply

Your email address will not be published.