အာဏာသိမ်းစစ်ကောင်စီကျူးလွန်ခဲ့သည့်များအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICC တွင် တရားစွဲနိုင်ရေးအတွက် NUG အနေဖြင့် ရောမသဘောတူစာချုုပ်ကို လက်မှတ်ရေးထိုးနိုင်ရန်ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။
ICC ကိုသွားဖို့ လမ်းကြောင်း အမျိုးမျိုးရှိတဲ့အထဲမှာ ရောမသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံအနေနဲ့ တင်တာကအသင့်တော်ဆုံးလို့ ယူဆတဲ့အတွက် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးနိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေပါတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။
ထို့သို့လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂ၏ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တရားဝင်အသိအမှတ်ပြုမှုရရန်လည်း လိုအပ်သည့်အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောခဲ့သည်။
ရောမစာချုပ် အပိုဒ် ၁၁ တွင် အမျိုးသားနိုင်ငံတစ်ခုက ဤစာချုပ်၏ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်သွင်းမှု ပြီးမြောက်သည့်အခါမှ ICC ၏ စီရင်ပိုင်ခွင့် စတင်အကျိုးသက်ရောက်သည်ဟု ဖော်ပြထားသည်။
သို့မဟုတ် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာတရားရုံး တရားလိုရှေ့နေများထံသို့ လွှဲပြောင်းပေးသည့်ဖြစ်ရမည်။ လုံခြုံရေးကောင်စီ၏ ညွှန်းဆိုမှုမရှိပါက တရားလိုရှေ့နေများအနေနှင့်၎င်းတို့ကိုယ်တိုင် စုံစမ်းမှုလုပ်ဆောင်နိုင်သည်။
“အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲလို့ရတဲ့ အကြောင်းအရာတွေထဲကမှ စစ်ကောင်စီကိုတော့ လူသားမျိုးနွယ်အပေါ်မှာကျုးလွန်တာနဲ့ စွဲဖို့ ပြင်ဆင်နေပါတယ်” ဟု NUG ၏ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောသည်။
Zawgyi/