အာဆီယံ နိုင်ငံတစ်ချို့က စစ်ကောင်စီကို အစိုးရတစ်ရပ်အနေဖြင့်လုံးဝအသိမှတ်မပြုဘူးလို့ အခိုင်အမာပြောဆိုထားဟု NUG အစိုးရပြော

အာဆီယံ နိုင်ငံတစ်ချို့က စစ်ကောင်စီကို အစိုးရတစ်ရပ်အနေဖြင့်လုံးဝအသိမှတ်မပြုဘူးလို့ အခိုင်အမာပြောဆိုထားဟု NUG အစိုးရပြော

၊ ဇွန် ၂၅

အာဆီယံနိုင်ငံတစ်ချို့ကလည်း စစ်ကောင်စီကို လုံးဝအသိမှတ်မပြုဘူးလို့ NUG အစိုးရကို အခိုင်အမာ ဆက်သွယ်ပြောဆိုလာတာတွေရှိတယ်လို့NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။NUG အစိုးရ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီနေ့ညနေ ၅း၀၀ အချိန်ကပြုလုပ်ခဲ့ပါတယ်။

” အာဆီယံကလည်း ဒါဆက်သွယ်လာတာလေးတွေရှိတယ်ပေါ့ အသေးစိတ်ကတော့ သူတို့ရဲ့တောင်းဆိုချက်အရပြောပြလို့မရပေမယ့်လို့ သူတို့အနေနဲ့လည်း စစ်ကောင်စီကို အကြောင်းမျိုးမျိုးကြောင့် ထိတွေဆက်ဆံနေရတာမျိုးတွေရှိတယ် ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့လုံးဝအသိမှတ်မပြုဘူးဆိုတာ ကျွန်တော်တို့ကို အခိုင်အမာပြောကြားထားတာတွေရှိတယ်” လို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ WHO ၊ FAO ၊ ILO နဲ့ ၄၇ကြိမ်မြောက် လူ့အခွင့်ရေးကောင်စီ ညီလာခံ တက်ရောက်ဖို့စ်ကောင်စီရဲ့တင်ပြချက်တွေကို အဲဒီအဖွဲ့အစည်းတွေက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

၄၇ကြိမ်မြောက် လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာကိုယ်စားပြု တင်သွင်းရမယ့် အစီရင်ခံစာ နဲ့ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးကောင်စီမှာတင်သွင်းရမယ့် အစီရင်ခံစာတွေကိုလည် အမျိုးသားညီညွတ်ရေးအစိုးရတောင်းဆိုမှုကြောင့် ရွေ့ဆိုင်းထားပါတယ်။

” ဒါတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ကိုယ်စားလှယ်တက်ရောက်ခွင့် တင်သွင်းမှုရဲ့ရလာဒ်တွေလို့ပြောလို့ရပါတယ် ကျွန်တော်တို့ရဲ့တောင်ဆိုချက်တွေဆိုရင်လလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အပြုသဘောတုံ့ပြန်ပြီးတော့ လိုက်နာဆေင်ရွက်ပေးကြတာကိုလည်းတွေ့ရပါတယ် ” လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအရေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရုတ်နဲ့ရုရှားအပါအဝင် အာဆီယံ ၅နိုင်ငံက ကြားနေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *