စစ်ကောင်စီ၏ ရက်စက်မှုများနှင့် ပတ်သက်သည့် တိုင်ကြားမှု လေးသိန်းကျော် လက်ခံရရှိထားဟု ဒေါက်တာဆာဆာပြော

စစ်ကောင်စီ၏ ရက်စက်မှုများနှင့် ပတ်သက်သည့် တိုင်ကြားမှု လေးသိန်းကျော် လက်ခံရရှိထားဟု ဒေါက်တာဆာဆာပြော

ရန်ကုန် ၊ ဇွန် ၂၅

ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏လုပ်ရက်များကို တိုင်းကြားသည့် တိုင် ကြားစာပေါင်း လေးသိန်းကျော် လက်ခံရရှိပြီးဖြစ် ကြောင်း NUG ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ယနေ့ ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ထိုသို့ ပေးပို့လာသည့် စာများအနက် တစ်သိန်းခွဲကျော် စိစစ်ခဲ့အတည်ပြုခဲ့ပြီး ဓာတ်ပုံ ၊ ဗီဒီယိုပေါင်း သုံးသိန်းကျော် လက်ခံရရှိထားကြောင်းကိုလည်း ဒေါက်တာဆာဆာက ပြောသည်။

” ဖြစ်ရပ်တစ်ခုခြင်းစီ မှတ်ပုံတင်ထား ဘာဖြစ်၊ ဘယ်နေရာ၊ ဘယ်သူပြောလို့သိလဲဆိုတာ သေချာလုပ်ထားပါတယ်” ဟု ဒေါက်တာ ဆာဆာက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အဆိုပါ သက်သေများသည် နိုင်ငံတကာစစ်ခုံရုံးသို့ တင်ရန် သက်သေများဖြစ်သည့်အတွက် နိုင်ငံတကာဥပဒေပညာရှင်များ ငှားရမ်းလုပ်ဆောင်နေကြောင်းကိုလည်း ဒေါက်တာဆာဆာက ပြောသည်။

“စစ်ကောင်စီကိုရော စကစအတွက် လ က်နက်ကိုင်ပြီး ပြည်သူထုအပေါ်လုပ်ရပ်တွေကို သတိပေးချင်တယ်။ ခင်ဗျားတို့ကို နိုင်ငံတကာစစ်ခုံရုံးမှာ ခေါ်သွားပြီး ငြင်းမရအောင် ဖော်ဆောင်နေတာဖြစ်တယ် လို့ သတိပေးလိုတယ်” ဟု ဒေါက်တာ ဆာဆာက ပြောသည်။

စုစည်းရရှိထားတဲ့ အချက်အလက်များတွင်ထဲမှာ စစ်ကောင်စီ၏ ရက်စက်မှုများ ကျူးလွန်ခြင်း အသေးစိတ်နှင့်် အပြစ်မဲ့ပြည်သူများအပေါ် မည်သို့ပြုလုပ်ခဲ့သည်များကို အသေးစိတ် ဖော်ပြထားကြောင်း ၎င်းကဆိုသည် ။

“ပြစ်မှုကျူးလွန်သူကို ထိုက်တန်တဲ့ အပြစ်မပေးနိုင်ရင် တရားမျှတမှုဆိုတာ မြန်မာနိုင်ငံမှာ ဘယ်တော့မှရှိလာတော့မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ ဆာဆာက ပြောသည် ။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ NUG ကရရှိထားသည့် စစ်ကောင်စီ ကျူးလွန်မှု သက်သေများကို ထုတ်ဖော်ပြသခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *