ယနေ့မှစပြီးဂီတလောကကို အပြီးတိုင် နှုတ်ဆက်လိုက်ပြီဆိုတဲ့ အဆိုတော်ရိန်မိုး

အဆိုတော်ရိန်မိုးဟာ ဒီနှစ်ထဲမှာကြီးကျယ်ခမ်းနားတဲ့One man Show liveသီဆိုရင်းနှုတ်ဆက်ပွဲလုပ်ဖိုစီစဉ်ထားပေမယ့် ဒီနေ့မှာတော့ဂီတလောကထဲမှအပြီး တိုင် နှုတ်ဆက်လိုက်ကြောင်းစာကိုရေးသားလာခဲ့ပါတယ်။

“ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး။ ဘယ်တော့မှ နောက်မဆုတ်ဘူးလို ဘဝနဲ့ရင်းလို ချော်လဲလိုပြုတ်ကျလို ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ သိုပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီး။အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နှုတ်ဆက်ပွဲနဲ့ အတူကျင်းပဖို ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နုတ်ဆက်လိုက်ပါကြောင်းကို ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နှုတ်ဆက်လိုက်ပါတယ်ခင်ဗျား ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီး ခွင့်လွတ်ပါ ကျတော်ချစ်သော’ ဂီတ’ “အဆိုတော်ရိန်မိုးရဲ့ပရိသတ်တွေအတွက်ဝမ်းနည်းစရာ သတင်းစကားကိုသူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားလာခဲ့တာပါပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *