စစ်အင်အားကြီးမားအောင်ထောက်ပံ့တဲ့ရုရှားကိုကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်ပြောဆို

ဇွန်လ၂၃

နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပြီး ပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံအနေဲ့ ရုရှားနိုင်ငံကိုကျေးဇူးတင်ကြောင်း မြန်မာစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့တနင်္လာနေ့ ၊ ဇွန်လ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို ရုရှားကကျောထောက်နောက်ခံပေးနေ ပြီး အနောက်နိုင်ငံတွေက စစ်ကောင်စီကို အရေးယူပိတ်ဆို့တာမျိုးမပြုလုပ်ကြဖို့ ရုရှားကသတိပေးလိုက်ပါတယ်။

မြန်မာ့တပ်မတော်က ဒေသတွင်းအင်အားအကြီးဆုံးဖြစ်လာတဲ့အတွက် ရုရှားကိုကျေးဇူးတင်ကြောင်း မော်စကိုမှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကို မင်းအောင်လှိုင်ကပြောဆိုခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ TASS မှာ ဖော်ပြထားပါတယ်။

မြန်မာ – ရုရှားဆက်ဆံရေးက ခိုင်မာသထက်ခိုင်မာလာကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သလို ရုရှားအတွက်မြန်မာက ယုံကြည်စိတ်ချရတဲ့ မဟာဗျူဟာမဟာမိတ်ဘက်ဖြစ်ပြီးစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေက နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးတဲ့အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ မင်းအောင်လှိုင်က ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ Nikolai Patrushev နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် စစ်လက်နက်နည်းပညာတင်ပို့မှုအလားအလာတွေနဲ့ပတ်သက်ပြီး နိုင်ငံလက်နက်တင်ပို့သူ Rosoboronexport အကြီးအကဲAlexander Mikheyev နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Ref : CNA
Photo: Reuters

Leave a Reply

Your email address will not be published. Required fields are marked *