မင်းတပ်အရေး CDFနှင့်စစ်တပ်တို့သဘောတူညီချက်ရရှိ

မင်းတပ်အရေး CDFနှင့်စစ်တပ်တို့သဘောတူညီချက်ရရှိ

23 June 2021_ By MPA

မေလအစောပိုင်းစစ်တပ်နှင့် CDF_ Mindut တို့အကြားတိုက်ပွဲများအကပြင်းအထန်ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင်အများပြည်သူအေးချမ်းစွာသွားလာနိုင်ရေးအတွက်စစ်တပ်နှင့်သဘောတူညီမှုအချို့ရ ရယူပြီးဖြစ်ကြောင်းမင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်၂၃ရက်တွင်ထုတ်ပြန်လိုက်ပါသည်။

ထုတ်ပြန်ချက်တွင် မင်းတပ်မြို့နယ်ဆက်သွယ်ရေးလမ်းကြောင်းများနှင့်မြို့ပေါ်တွင် လက်နက်ကိုင်ဆောင်စစ်ဆေးပစ်ခတ်ခြင်းမပြုလုပ်ရန်၊CDMဝန်ထမ်းများကိုအတင်းကျပ်ဖိအားမပေးရန်၊ပြည်သူလူထုကိုမခြိမ်းခြောက်ရန်၊သဘောတူညီမှုများကို လိုက်နာရန်၊ကျောက်ထု _မင်းတပ် _ မတူပီလမ်းကြောင်းတွင် ဆိုင်ကယ်နှင့်လူသွားလာမှုကိုတားဆီးခြင်းမပြုရန်နှင့်ရိက္ခာသယ်ကားများကို စစ်ဆေး၍သွားလာခွင့်ပြုရန်တို့သဘောတူညီထားသည်ကိုတွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပက်သက်ပြီး မင်းတပ်မြို့နယ်မှစစ်တပ်တာဝန်ရှိသူဗိုလ်မှူးအောင်ကိုကို ကို မေးမြန်းကြည့်ခဲ့ရာ”စာကတော့သေချာပါတယ်။တိုက်ပွဲအခြေအနေနှင့်ပက်သက်ပြီးတော့က သေချာပါတယ်နှစ်ဘက်လုံးကတော့ မင်းတပ်မြို့ကို ပြန်ပြီးအရင်လိုပြန်ဖြစ်ချင်တဲ့သဘောရှိပါတယ်။ပစ်တာခတ်တာတော့မရှိဖို့များပါတယ်။”ဟုပြန်လည်ဖြေကြားခဲ့သည်။

မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအနေဖြင့်ရိက္ခာအခက်အခဲများရှိလာပါက ဆက်ဿွယ်နိုင်မည့်ဖုန်းနံပါတ်များပေးထားပြီး အဆိုပါသဘောတူညီချက်မှာ ယနေ့မှစတင်အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *