အဆိုတော်ရေမွန် သေဆုံးရခြင်းအဖြစ်အမှန်ကို နိုဗန်ထူးဖြေရှင်း

အဆိုတော် ရေမွန် ရုတ်တရက် သေဆုံးတာနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေသလိုမဟုတ်ပဲ ညက တခြား သူငယ်ချင်းတွေနဲ့သောက်ရင်း စားရင်း အခန့်မသင့်လို့အစာအိမ် သွေးကြော ပေါက်သွားတယ် ( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ )ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့်မမီလိုက်တော့ပဲခုလို ဖြစ်သွားရတာပါ လို့ နိုဗန်ထူးကရေးသားထားပါတယ်။

သူက တရှောင်ရှောင်ဖြစ်နေတာတော့ နည်းနည်းကြာနေပြီ၊ ဒီနေ့မနက် မှ ရုတ်တရက် ဖြစ်သွားတာ။ မနက်ကတော်တော်နဲ့ မနိုးတော့ ပထမ အိပ်နေတယ် ထင်သေးတယ်။ သိတဲ့အချိန်မှာ အသက်ကယ်ဖို့ကြိုးစားကြပေမယ့်အချိန်မမှီတော့ဘူး အနားမှာ ရဲဘော်ရဲဘက်ဘော်ဒါတွေလည်း ရှိတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာဟလတွေလို လုံးဝ မဟုတ်ပါဘူးလို့ နိုဗန်ထူးက ပြောပါတယ်

ရေမွန်နဲ့အတူ နိုဗန်ထူးတို့လူငယ်တွေဟာစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှုကို လက်မခံကြပဲ မြို့ပြဆန္ဒပြပွဲတွေကနေတဆင့် လွတ်မြောက်နယ်မြေကို အတူတူရောက်လာကြတာ ဖြစ်ပါတယ်။ရေမွန်ရဲ့ စျာပန အစီအစဥ်ကိုဘယ်လိုကျင်းပမယ်ဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *