အလောင်းတော်သဿပကြိုးဝိုင်းမှ သစ်ခိုးထုတ်သူများကို PDF (ကနီ)ကဖမ်းဆီးပြီး သစ်များမီးရှို့ဖျက်ဆီး

အလောင်းတော်သဿပကြိုးဝိုင်းမှ သစ်ခိုးထုတ်သူများကို PDF (ကနီ)ကဖမ်းဆီးပြီး သစ်များမီးရှို့ဖျက်ဆီး

ကနီ၊ ဇွန် ၂၃
News Ambassador

အာဆီယံအမွေအနှစ် အလောင်းတောာ်ကဿပ အမျိုးသားဥယျာဉ် နှင့် ကြိုးဝိုင်းအတွင်းမှ သစ်ခိုးထုတ်နေသူ ၂ ဦး ကားတစ်စီး၊ မှောင်ခိုသစ်များကို PDF(ကနီ) ကဖမ်းဆီးလိုက်ပြီး ပစ္စည်းများ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါ သစ်ခိုးထုတ်သူများကို ယနေ့မနက်က မုံရွာ-ယာကြီး-ကလေးဝကားလမ်းတစ်နေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက News Ambassador သို့အတည်ပြုသည်။

” ကားတစ်စီးပါတယ်။ ကင်တာ ၆ ဘီးကား၊ လူ ၂ ဦး” ဟု ၎င်းက ဆိုသည်။

ယခုတစ်ကြိမ်တွင် နမူနာသတိပေးသည့်အနေဖြင့် မှောင်ခိုသစ်များကို မီးရှို့ဖျက်ဆီးကာ သစ်သူခိုးများကို သတိပေးစကားဆို၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

​နောက်တစ်ကြိမ် ထပ်ကျူးလွန်ပါက လောဘသမားများ၏ သွားရာလမ်းအတိုင်း နိဂုံးသတ်စေမည်ဖြစ်ကြောင်းဆိုသည်။

” သစ်ကတော့ ကျွန်းသစ်တွေ ၊ မီးဘာလို့ရှို့လဲဆိုတော့ မရှို့ဘူးဆို PDF တွေက ဖမ်းမိတဲ့သစ်တွေနဲ့လုပ်စားတယ်လို့ အသံထွက်လာနိုု်င်တယ်။ ဒါကြောင့်ပါ” ဟု ၎င်း က ထပ်မံ ဖြည့်စွက် ပြောကြားလာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ဂန့်ဂေါမြို့နယ် ၊ မင်းကင်းမြို့နယ်အစပ်တွင်တည်ရှိသော အာဆီယံအမွေအနှစ် အလောင်းတော်ကဿပအမျိုးသားဉယျာဉ် ၊ ဘေးမဲ့ကြိုးဝိုင်းအတွင်းရှိ ရှားပါးတန်ဖိုးကြီးသစ်များကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်လျက်ရှိသော သစ်သူခိုးများ ၊ သစ်ပွဲစားများ ၊ သစ်လုပ်ငန်းရှင်များသည် ကိုယ်ကျိုး
စီးပွားအတွက် ကားကြီး ၊ ကားငယ်များ၊ ဆိုင်ကယ်များဖြင့် နေ့စဉ်နှင့်အမျှ ခိုးယူရောင်းချ သယ်ဆောင်ခြင်း ၊ ရှားပါးဘေးမဲ့သားရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းများ ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသဖြင့် အရေးယူသွားမည်ဟု ဇွန် ၂၁ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ကြေညာခဲ့သည်။

Photo-CJ

Leave a Reply

Your email address will not be published. Required fields are marked *