စစ်ရေးအတွက်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ ဖို့နှင့် စစ်ရှောင်တိမ်းနိုင်ဖို့တွေအတွက်လည် ပြင်ဆင်ထားနိုင်ဖို့ ကျောင်းသားခေါင်းဆောင် မင်းဟန်ထက်ပြော

ဒီကနေ့ မန္တလေးမှာ ပြည်သူ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ကြတယ်။ ဒီလိုဖြစ်တာမှာပြည်သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ သေသေချာချာ ပြင်ဆင်ထားခြင်းများမရှိလိုက်ရတဲ့အတွက် အထိအခိုက်အကျအဆုံးတွေ ရှိခဲ့ရပါတယ်။ အမှန်တရားဘက်မှာ ပြည့်ပြည့်ဝဝ ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်ရင်း ကျဆုံးခဲ့ကြရတဲ့ သူရဲကောင်းများကို ဦးညွှတ်အလေးပြုပါတယ်။

ဒီလိုမြို့ပြတိုက်၊ ပွဲမျိုးက လွန်ခဲ့တဲ့လတွေတုန်းကလည်း တိုင်းပြည်နေရာတချို့မှာ ဖြစ်ခဲ့ပါတယ်၊ အခုချိန်မှာတော့မြို့ပြပြောက်ကျားစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး စစ်ကောင်စီတပ်များကို ဦးတည်တိုက်၊ပွဲဝင်လာကြတဲ့ အခြေအနေမျိုးတွေကို ပိုတွေ့လာရပါပြီ။

လူမှုကွန်ယက်မှာ အချင်းချင်းသတိပေး၊ တိုက်တွန်းနေကြတဲ့အချက်များထဲကလိုပါပဲ နှုတ်လုံဖို့၊ သတင်းမပေါက်ကြားဖို့၊ ပြည်သူ့တပ်ဖွဲ့ဝင်များအတွက် ပြည်သူတိုင်းက သတင်းပေးဖြစ်ကြဖို့၊ ဒါတွေအပြင် လိုအပ်လာချိန်မှာတုတ်ရှိသူက တုတ်ဆွဲပြီး၊ရှိသူက..ဆွဲပြီး..ထွက်နိုင်ဖို့အတွက်လည်း အချိန်မရွေးရှိနေကြဖို့ပါပဲ။

စစ်ရေးအတွက်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြဖို့လိုပါတယ်။ ရေဒီယို တစ်လုံးစီကစလို့၊ အရေးကြီးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ငွေကြေးတွေ စတာတွေကို အရေးအကြောင်း တနိုင်ဆွဲပြီး စစ်ရှောင်တိမ်းနိုင်ဖို့တွေအတွက်လည် ပြင်ဆင်ထားနိုင်ဖို့ တိုက်တွန်းပါတယ်။ကြီးမြတ်စွာ ကျဆုံးခဲ့တဲ့ သူရဲကောင်းများအားလုံးနဲ့ အဓမ္မဖမ်းဆီးခံ ရဲဘော်များအားလုံးကို ဦးညွတ်အလေးပြုပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *