ပရိတ်သတ်ကြီးရေ…ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ အဆိုတော်ရဲလေးဟာဆိုရင် သီချင်းကောင်းတွေကို ကိုယ်တိုင်ဖန်တီရေးသားသီဆိုနိုင်ခဲ့တဲံအတွက် ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုတေကို အပြည့်အဝသိမ်းပိုင်နိုင်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်နော်…။အဆိုတော်ရဲလေးက သူဝါသနာပါတဲ့အနုပညာအလုပ်ကို အခက်အခဲတွေကြားထဲကနေ အောင်မြင်အောင်ကြိုးစားရုန်းကန်လာခဲ့ရတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ…။သူသီဆိုထားတဲ့သီချင်းတွေထဲက ” ထိပ်ဆုံးမှာ အမေ ဆိုတဲ့သီချင်းနဲ့ မိုး “သီချင်းဟာဆိုရင်ပရိတ်သတ်တွေရင်ထဲမှာ .နေ့အချိန်ထိတိုင် ဆွဲထင်ကျန်ရစ်စခဲ့တဲံ သီချင်းလေးတွေပါပဲနော်…။
ရဲလေးဟာဆိုရင် အကြောင်းအမျိုးမျိုးဒကြောင့် အနုပညာလောကကနေအချိန်အတော်ကြာပျောက်ကွယ်သွားခဲ့ပြီး အခုနောက်ပိုင်းမှာတော့ သူရူးသွပ်ခဲ့ရတဲံ သီချင်းကိုဆိုရင်း အနုပညာလောကထဲကို နောက်တစ်ခေါက်ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်နော်။ရဲလေးဒဟာဆိုရင် သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ပရိတ်သတ်တွေကို အမြဲဝေမျှပေးနေတာလည်းဖြစ်ပါတယ်။အခုရက်ပိုင်းမှဆြိုရင်လည်း ရဲလေးနဲ့ပတ်သက်တဲ့ကောလဟာလတွေပြန့်နေတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ ရဲလေးအရင်နှစ်တွေတုန်းကClub တစ်ခုမှာသီချင်းသီဆိုနေတဲ့ပုံရိပ်တွေကို ပြန်တင်ပြီးလတ်တလောမှာ ဖျော်ဖြေနေပါတယ်ဆိုပြီးပရိတ်သတ်တွေအထင်အမြင်လွဲမှားအောင်ရည်ရွယ်ချက်ရှိရှိနဲ့မဟုတ်မမှန်သတင်းဖြန့်ခြင်းကိုခံခဲံရတာပဲဖြစ်ပါတယ်နော်..။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲလေးကသူရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး ပြန်လည်ဖြေရှင်းထားတာကိုတွေ့ရပါတယ်။ရဲလေးက” မိတ်ဆွေသူငယ်ချင်းတွေ လာပြောတာများလာလို့ပါ။ ကျွန်တော်တော်ရုံဆို မပြောတတ်ပါဘူး မလိုအပ်တဲ့ အထင်လွဲမှုတွေ မဖြစ်စေချင်ပါဘူး။ ၂၀၁၉ တုန်းက ကျွန်တော့်သူငယ်ချင်းတွေ ခဏ ခေါ်လို့ရောက်သွားခဲ့တဲ့ Safe House ပါ ။ အဲ့ကတည်းကပထမဆုံးနဲ့နောက်ဆုံး ရောက်ခဲ့တယ်။ ပြန်ခါနီး ပရိသတ်တွေ နဲ့သူငယ်ချင်းတွေ တောင်းဆိုမှုနဲ့သီချင်းနှစ်ပုဒ်ဖျော်ဖြေခဲ့ရပါတယ်။ ဘာကြောင့် ၂၀၁၉ တုန်းက ပုံအဟောင်းနဲ့နာမည်ဖျက်ရသလဲတော့ မသိပါဘူးခင်ဗျာ။
အဲ့တုန်းက သူငယ်ချင်းတွေ ပရိသတ်တွေ မိတ်ဆွေတွေအတွက် အကောင်းဆုံးတင်ဆက်ပေးခဲ့ပါတယ် ဒါပါပဲ ” ဆိုပြီး ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီကိုအထူးပဲကျေဇူးတင်ရှိပါတယ်နော်…။