ရေးမြို့မှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

ရေးမြို့မှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

ရေး၊ဇွန် ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ မီးရထားရဲစခန်းမှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုးဗစ်ပိုးတွေ့ရှိခဲ့ကြောင်း အောင်မင်္ဂလာလူငယ်အဖွဲ့ထံမှ သိရသည်။

မီးရထားရဲစခန်းမှ စခန်းမှူး၊ဒုရဲအုပ်အပါအဝင် စုစုပေါင်း ၁၄ ယောက်အား စစ်ဆေးခဲ့ရာတွင် ၇ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူ ရဲဝန်ထမ်း ၇ ဦးအား မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတိုနှင့်ထိတွေ့ထားသူများအား နေအိမ်တွင် ၁၄ ရက် အသွားအလာသန့်သတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ ၁၄၈၆၁၂ ဦး၊ သေဆုံးသူ ၃၂၆၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၃၇၅၃ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနထုတ်ပြန်ချက်များ အရ သိရသည်။

Photo-CJ

Leave a Reply

Your email address will not be published. Required fields are marked *