“ပိတ်ခံရတဲ့ရဲဘော်တွေကို မကယ်နိုင်ဘူးဆိုတာမီဒီယာမှာဖြေကြားမှုတွေနဲ့လည်းသက်ဆိုင်ပါတယ်”

“ပိတ်ခံရတဲ့ရဲဘော်တွေကို မကယ်နိုင်ဘူးဆိုတာမီဒီယာမှာဖြေကြားမှုတွေနဲ့လည်းသက်ဆိုင်ပါတယ်”

မန္တလေးဖြစ်စဥ်နှင့်ပတ်သက်ပြီးအထူးတိုက်ခိုက်ရေးအဖွဲ့(အထက်မြန်မာပြည်)မှဗိုလ်တေနှင့်Myanmar Pressphoto Agencyအင်တာဗျူး။

ဒီနေ့မန္တလေးမှာ ဖြစ်စဥ်နဲ့ပက်သက်ပြီး ပြောပြပါ။

ဒီနေ့ဖြစ်တဲ့ဖြစ်စဉ်က တိုက်ခိုက်ဖို့ဆိုပြီးစခဲ့တာမဟုတ်ဘူး defenseပါဗျာ။လုံ့ခြုံရေးစည်းပေါက်လို့အဝိုင်းခံရတဲ့သဘောပါ။လုံခြုံရေးစည်းမခိုင်ပဲနဲ့အဝင်အထွက်တွေလုပ်တာတွေကြောင့်သတင်းပေါက်ကြားသွားတယ်ထင်ပါတယ်။ဘယ်သူသတင်းပေးလို့ဖြစ်တယ်ဆိုတာ social mediaမှာလည်းပျံ့နေပါပြီ။detailကြေညာတယ်ဆိူတာတော့မဟုတ်ဘူးဗျ ။အဲ့တာကတစ်ဖွဲ့တည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။တဦးတယောက်ပဲကြေညာပြီးတော့ကျန်တဲ့ရဲဘော်ရဲဘက်တွေအဖွဲ့အစည်းတွေက လိုက်ပြီးမတိုက်နိုင်ပဲနဲ့ ကြေညာတာကို detailလို့ခေါ်လို့မရပါဘူး။

ဘယ်ချိန်လောက်မှာစပြီးအဝိုင်းခံရလဲ။ပြင်ဆင်ချိန်ရောရခဲ့လား။

နံနက်၇နာရီခွဲမတိုင်ခင်လောက်မှာ အဝိုင်းခံရလိုက်တယ်။ရဲဘော်တွေအဝိုင်းခံရတဲ့အချိန်မှာ ကျနော့ဆီကို လှမ်းပြီးတော့ အကူတောင်းတယ်။တောင်းတော့ကျနော်တို့သွားတယ်။ကျနော်တို့ရောက်တဲ့အချိန်မှာသူတို့ ကားကြီးတွေစရောက်တဲ့အချိန် ကလေးတွေက အတွင်းထဲမှာရောက်နေတယ်။စစ်တပ်ကအပြင်ကနေပစ်နေတယ်။ကလေးတွေကလည်းအထဲကနေခံပစ်နေတယ်။ခံပစ်နေတဲ့အချိန်မှာ ကျနော်တို့ဘေးအဖွဲ့စည်းတွေ အဝိုင်းခံရတဲ့အဖွဲ့စည်းရဲ့လူတွေအနေနဲ့ဖောက်ထွက်ပြီးကယ်မယ်ဆို ကယ်လို့ရမယ့်အနေအထားမှာရှိတယ်။ဒါပေမယ့်သူတို့(MDY_ PDF)ကိုယ်တိုင်ကမကယ်နိုင်ဘူး။ကျနော်တို့ကလည်း မြေပြင်ထိရောက်နေပြီးမှသူတို့မီဒီယာအင်တာဗျူးတွေဖြေလိုက်တဲ့အချိန်မှာ အင်အားအလုံးအရင်းနဲ့ပြင်ဦးလွင်ကဟာတွေရော မိတ္ထီလာကဟာတွေရောမြို့တွင်းကိုရောက်ချလာတော့ ဘယ်လိုမှ ကယ်လိူ့မရနိုင်တော့ဘူး။အဲ့တော့မကယ်နိုင်ဘူးဆိုတာ မီဒီယာမှာဖြေကြားမှုတွေနဲ့လည်းသက်ဆိုင်ပါတယ်၊ကိုယ့်အိုးကမပြည့်ပဲနဲ့သူများအိုးသွားဖြည့်သလိုပုံစံဖြစ်သွားတာဗျ။ဖြေတဲ့သူတွေက မြေပြင်အခြေအနေကို မသိဘူး။သူတို့ကိုယ်တိုင်ကလည်းဒီမှာမဟုတ်ဘူး။စိတ်မှန်းနဲ့ရမ်းပြီးအင်တာဗျူးဖြေလိုက်တော့ အဆင်မပြေတော့ဘူးလေဗျာ။PDFပြောက်ကျားဒီနေ့စပါပြီလို့ပြောတာ အဆင်မပြေဆုံးပဲဗျ။

ပြည်သူလူထုအနေနဲ့ဘယ်လိုပူးပေါင်းမှုရှိခဲ့လဲ။

ရပ်ရွာနဲ့ပြည်သူလူထုကအဆင်ပြေပြေကိုပူးပေါင်းတယ်ဗျ။ပူးပေါင်းတယ်ဆိုတာကမလိုအပ်ပဲကြေညာလိုက်တဲ့အချိန်မှာတမြို့လုံအုံးအုံးကျွတ်ကျွတ်ဖြစ်သွားတယ်။ပြင်လေးပြင်ရှိပါတယ်။အဝိုင်းခံရတဲ့”ပြင်”အပြင် ကျန်တဲ့သုံးပြင်မှာလည်းကိုယ်စီလှုပ်ရှားမှာလေးတွေရှိပါတယ်။စိန်ပန်းလိုနေရာမျိုးဆိုရင် တာယာမီးရှို့တာတွေထိရှိတယ်။

စစ်သားအင်အားဘယ်လောက်နဲ့ ဝင်စီးခဲ့ပါသလဲ။ဘယ်လိုခုခံခဲ့ကြသလဲ။

မနက်အစောပိုင်းနဲ့၈နာရီကြားထဲမှာ အင်အား၂၀၀လောက်ရှိတယ်။၈နာရီနောက်ပိုင်းမှာတော့ အင်အားထပ်တိုးတယ်ဗျ။၈နာရီပတ်ဝန်းကျင်မှာ လက်နက် ကြီးတွေစသုံးတယ်။ရဲဘော်လေးတွေ၂နာရီလောက် တောင့်ခဲ့ကြသေးတယ်ပြောရရင်ကျည်ဆံအခက်အခဲကြောင့်သာဆက်ပြီးတော့တောင့်မခံနိုင်ကြတော့တာ။အခြားပူးပေါင်းတဲ့အဖွဲ့တွေလည်းရှိပါတယ်။

နှစ်ဘက်ထိခိုက်မှုဘယ်လိုရှိလဲ။လက်ရှိPDFအခြေအနေရောဘယ်လိုရှိပါသလဲ။

ကျနော်တို့PDFအနေနဲ့ကတော့ ၂ယောက်ကျဆုံးသွားတဃ်။ပြည်သူထဲကလည်းနှစ်ယောက်ကျဆုံးသွားတယ်။ကျဆုံးသွားတဲ့ပြည်သူကိုလည်း ကျနော်တို့ PDFအနေနဲ့ပဲ အမည်ခံချင်ပါတယ်ဗျ။သေဆုံးသူစုစုပေါင်း ၄ယောက် ။ခွေးကတော့ ၂ကောင်သေပါတယ်ဗျ။လက်ရှိPDFအခြေအနေကတော့ သူတို့ဖြေလိုက်တဲ့အင်တာဗျူးကြောင့်လည်း PDFတွေမလုံခြုံတော့ပါဘူး။မြို့တွင်းက PDFAတွေက မြို့ပြင်ထွက်ပြီးတိမ်းရှောင်ရတဲ့အထိ ဖြစ်သွားတယ်။မလိုအပ်ပဲနဲ့ပြောလိုက်တဲ့စကားတခွန်းကအရမ်းအမှားပါသွားတယ်ဗျ။

ဘာများဖြည့်စွက်ပြောလိုပါသလဲ။

အကိုတို့အနေနဲ့အခြားမီဒီယာတွေကိုတချက်လောက်မေတ္တာရပ်ခံပေးပါ။စစ်တပ်ဘက်ကရိပ်ဖမ်းသံဖမ်းသိသာစေမယ့်မေးခွန်းမျိုးတွေ မမေးဖို့ ။မေးလိူ့သိသွားရင်းလည်း ချပြဖို့အဆင်မပြေဘူးဗျ။ပြည်သူတွေသိသွားပေမယ့်စစ်ကောင်စီသိသွားရင် ရှေ့ဆက်ရမယ့်လုပ်ငန်းတွေအတွက် အဆင်မပြေတော့ဘူး။ပြည်သူကြားထဲက ဒလန်သာသာမေးခွန်းတွေ မီဒီယာတွေအနေနဲ့မမေးဖို့ပဲမေတ္တာရပ်ခံချင်တယ်။အရင်ကတချို့ပုဂ္ဂိုလ်တွေဖြေတဲ့မေးခွန်းတွေဆိုအဖြေတွေဆို ကျနော်တို့ဆီမှာ ဘာရှိပါတယ်။ဘာလုပ်ပါမယ်ဆိုတာက ပြောက်ကျားနည်းနာအရ ဖြေစရာလည်းမလိုသလို ပြောစရာလည်းမလိုဘူး။အကိုတို့အနေနဲ့လည်းအဲ့တာလေးတွေမမေးဖို့ရှောင်ကြဥ်ပေးပါ။

Photo_ CJ

Leave a Reply

Your email address will not be published. Required fields are marked *