ပေါက်ကွဲမှုတွေကြောင့် မိဘတွေစိတ်ပူ ၊ ကျောင်းမှကလေးများပြန်မလွှတ်

ရန်ကုန်၊ဇွန်(၂၂)

မန္တလေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့နေရာတော်များများမှာ လက်လုပ်မိုင်းတွေဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ကျောင်းသွားတတ်နေကြတဲ့ ကလေးတွေပြန်ခေါ်ချင်ပေမယ့် ကျောင်းတံခါးပိတ်ထားပြီး ပြန်ခေါ်မရလို့မိဘအုပ်ထိန်းသူတွေ စိတ်ပူနေကြရတယ်လို့ မန္တလေးမြို့ခံပြည်သူတွေဆီကသိရပါတယ်။

“မနက်(၈)နာရီလောက်ကတည်းက ပစ်ခတ်နေပြီး အခုနေရာတော်ေတော်များများမှာ ပေါက်ကွဲတာဖြစ်နေတယ်၊ မနက်အစောပိုင်းတက်ရတဲ့ ကျောင်းကကလေးတွေကို မိဘတွေကသွားပြန်ခေါ်တာ ကျောင်းတံခါးပိတ်ထားပြီး ပြန်မလွှတ်သေးဘူး၊ ပေါက်ကွဲပြီး စစ်သားတွေပစ်နေလို့မိဘတွေက ကလေးတွေထိမှာစိတ်ပူနေကြတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကဇွန်လ(၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် အမျိုးသားညီညွတ်ရေအစိုးရ(NUG)က စစ်ကောင်စီလက်အောက်မှာ ကျောင်းပြန်မတက်ကြဖို့ တိုက်တွန်းထားပါတယ်။

Zawgyi

မန္တလေးစာသင်ကျောင်းက ကလေးတွေအိမ်ပြန်မလွှတ်လို့ မိဘတွေစိတ်ပူ

ရန်ကုန်၊ဇွန်(၂၂)

မန္တလေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့နေရာတော်များများမှာ လက်လုပ်မိုင်းတွေဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ကျောင်းသွားတတ်နေကြတဲ့ ကလေးတွေပြန်ခေါ်ချင်ပေမယ့် ကျောင်းတံခါးပိတ်ထားပြီး ပြန်ခေါ်မရလို့မိဘအုပ်ထိန်းသူတွေ စိတ်ပူနေကြရတယ်လို့ မန္တလေးမြို့ခံပြည်သူတွေဆီကသိရပါတယ်။

“မနက်(၈)နာရီလောက်ကတည်းက ပစ်ခတ်နေပြီး အခုနေရာတော်တော်များများမှာ ပေါက်ကွဲတာဖြစ်နေတယ်၊ မနက်အစောပိုင်းတက်ရတဲ့ ကျောင်းကကလေးတွေကို မိဘတွေကသွားပြန်ခေါ်တာ ကျောင်းတံခါးပိတ်ထားပြီး ပြန်မလွှတ်သေးဘူး၊ ပေါက်ကွဲပြီး စစ်သားတွေပစ်နေလို့မိဘတွေက ကလေးတွေထိမှာစိတ်ပူနေကြတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကဇွန်လ(၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် အမျိုးသားညီညွတ်ရေအစိုးရ(NUG)က စစ်ကောင်စီလက်အောက်မှာ ကျောင်းပြန်မတက်ကြဖို့ တိုက်တွန်းထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *