မန္တလေးမှာနေထိုင်သည့် ပြည်သူများ တတ်နိုင်တဲ့နေရာကနေပါဝင်ပေးကြဖိုထားထက်ထက်တောင်းဆို
“သင်လဲ PDF ပါပဲ ။ ဒီတိုက်ပွဲမှာ သင်ကိုယ်တိုင်
ပါဝင်နိုင်ပါတယ်။မန္တလေးနေထိုင်သူ ပြည်သူများအားလုံးက တတ်နိုင်တဲ့နေရာကနေ လုပ်နိုင်တဲ့အရာကိုလုပ်ပြီးပူးပေါင်းပါဝင်ပေးကြပါ။
👉 ရန်သူကို အမြဲ စောင့်ကြည့်နေပေးကြပါ။
👉 ကျည်ကွယ်၊မျက်ကွယ်မှာ ရှိနေပေးကြပါ။
👉 ရေ နဲ့ စားနပ်ရိက္ခာ စုဆောင်းထားကြပါ။
👉 အလျဉ်းသင့်ချိန် လှုပ်ရှားလို့ရနိုင်တလှုပ်ရှားပေးကြပါ။
မန္တလေးရဲ့ အရေးကြီးသတင်းတွေ မဖုံးမိသွားစေဖို့ ဒီနေ့ က စ လို့ အခြားအရေးမကြီးသော ပိုစ့်တွေ ရှောင်ပြီးတင်ပေးကြပါ။
ပြည်သူက စစ်ကူပေးပါ။စစ်ကာလမ်းကြောင်း ဘယ်ကိုသွားနေတယ် ၊ အင်အားဘယ်လောက်ရှိတယ် စတာတွေကို နေရာ အချိန် နေ့ရက်နဲ့သေချာစီစစ်ပြီး မှန်ကန်တဲ့ သတင်းကို အမြန် တင်ပေးပါ။
PDF များအတွက် ဆုတ်ခွါတဲ့ အခါ၊ အလစ်အငိုက် တိုက်တဲ့အခါ လမ်းကြောင်းသာအောင် စောင့်ကြည့်ပေးပါ။ဆေးအကူအညီပေးနိုင်ဖို့ အသင့်ပြင်ထားပေးပါ။သတင်းအမှားမတင်မိ မရှဲမိအောင် အထူး ဂရုစိုက်ပေးပါ။
မန္တလေးပြည်သူများ အနိုင်ရ ဘေးကင်းပါစေ။”
ထားထက်ထက်
June 22 2021