သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းမှ အကျိုးအမြတ်များအား အကြမ်းဖက်စစ်ကောင်စီမရရှိစေရန် UKပိတ်ဆို့

သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းမှ အကျိုးအမြတ်များအား အကြမ်းဖက်စစ်ကောင်စီမရရှိစေရန် UKပိတ်ဆို့

၊ ဇွန် ၂၁

အာဏာသိမ်းစစ်ကောင်စီနှင့် ၄င်းတို့နှင့်ဆက်စပ်လျက်ရှိသော ကုမ္ပဏီများအပေါ် ယူကေအစိုးရက ထပ်တိုးအရေးယူပိတ်ဆို့မှုများကို ကြေညာလိုက်သည်။

အာဏာသိမ်းစစ်အစိုးရ၏ အဓိက၀င်ငွေရလမ်းများဖြစ်ကြသည့် သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့မှအကျိုးအမြတ်များကို စစ်အစိုးရ မရရှိစေရန် ပိတ်ဆို့နိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုများကို ချမှတ်သွားမည်ဖြစ်သည်။

ယူကေနိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရဲဘ်က –
“မြန်မာစစ်အာဏာရှင်နဲ့ ဆက်စပ်လျက်ရှိတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့အတူ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး တရားမ၀င်အစိုးရရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထားလုပ်ဆောင်သွားမှာ ဖြစ်တယ်။

စစ်တပ်ဟာ ဒီမိုကရေစီကို ဖြိုဖျက်ခြင်းနဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ဆက်လက်ပြုလုပ်နေတာဖြစ်တယ်။ ဒီမိုကရေစီကို ပြန်လည်မတည်ဆောက်မချင်း အာဏာရှင်စစ်အစိုးရကို ၄င်းတို့ရဲ့လုပ်ရပ်အတွက် တာ၀န်ယူခိုင်းမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်မှုတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်။

မြန်မာနိုင်ငံအတွင်း ယူကေနိုင်ငံရဲ့ ကုန်သွယ်ရေးသုံးသပ်မှုရလဒ်ကို ၀န်ကြီးက ကြေညာခဲ့ပြီးဖြစ်တယ်။

ယင်းရလဒ်ဟာ ယူကေစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့မှာ အရေးပါတဲ့အခန်းကဏ္ဍမှ ဆက်လက်ပါ၀င်နိုင်ဖို့အတွက် အဓိကအလေးပေးဖော်ပြထားသော်လည်း၊ စစ်အာဏာရှင်ကို အမှုမဲ့အမှတ်မဲ့ အထောက်အပံ့ဖြစ်စေမယ့်ကိစ္စရပ်တွေကို ရှောင်ရှားပြီး လုပ်ငန်းဆောင်တာတွေကို စဥ်းစားချင့်ချိန် ဆောင်ရွက်သွားရမှာဖြစ်တယ်။

ယူကေအစိုးရက မြန်မာနိုင်ငံမှာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကို ဆိုင်းငံ့ထားမှာဖြစ်ပြီး မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် ကုန်သွယ်မှုဆက်ဆံရေးကို ရှောင်ရှားနိုင်စေရန်အတွက် ယူကေစီးပွားရေးလုပ်ငန်းတွေကို အကြံပေးမှုများ အားဖြည့်ဆောင်ရွက်ပေးမှာဖြစ်တယ်” လို့ UK နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *