တပ်မတော် ကပါဝင်ထိန်းသိမ်းဆောင်ရွက်‌နေတဲ့ အခြေအနေတွေကို ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက ထုတ်ပြန်

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော် ကပါဝင်ထိန်းသိမ်းဆောင်ရွက်‌နေတဲ့ အခြေအနေတွေကို ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက ထုတ်ပြန်

နေပြည်တော် ဇွန် ၂၁

မနေ့က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒီကနေ့မှာတော့ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai plato-novich Patrushevနဲ့ တွေ့ဆုံပြီးလက်ရှိ နိုင်ငံရေး အခင်းအကျင်း နဲ့တပ်မတော်ရဲ့ ပါဝင်ဆောင်ရွက်နေတဲ့အခြေအနေ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့အတူတာဝန်ရှိသူများတက်ရောက်ကြတယ်လို့သိရပါတယ်။

နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားမှာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဥ် တွေကိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေ‌ တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *