ဂျပန်ဝန်ကြီးချုပ်ဟောင်းကို မြန်မာ့ဒီမိုကရေစီအရေး ပါဝင်ကူညီပေးဖို့ မြန်မာလူငယ်များတောင်းဆို

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများက မြန်မာ့ဒီမိုကရေစီအရေး အတွက် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဟတိုးရာမ ယူကီအို နှင့် ဇွန်လ ၂၀ ရက်နေ့ က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ YU AI ရုံးခန်းသို့သွားရောက် တွေ့ဆုံအကူညီ တောင်းဆို ခဲ့ကြောင်း သိရပါတယ်။

“ အဓိကက CRPH နဲ့ NUG ကို တိုက်ရိုက်ချိတ်ဆက်ပြီး အကူအညီပေးဖို့ ၊ အထက်လွှတ်တော် အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေအကောင်အထည်ပေါ်လာအောင် ဂျပန်အစိုးရကို တွန်းအားပေးဖို့ ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီပေးဖို့၊ သံရုံးမှာ ပတ်စ်ပို့ သက်တမ်းမတိုးလို့ သက်တမ်းကျော်သွားတဲ့သူတွေ ကုမဏီဝင်ရင် အခက်အခဲဖြစ် ဒုက္ခရောက်နေတာကို ကူညီပေးဖို့တောင်းဆိုခဲ့ကြတာပါ “ ဟု မြန်မာ့ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူများက ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟတိုးရာမ ယူကီအို ကိုသွားရောက်တွေ့ဆုံရာတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုအဖွဲ့အစည်းများ နှင့် Japan Myanmar Help Network အဖွဲ့အစည်းအသီးသီးမှ မြန်မာလူငယ်များက YU AI ရုံးခန်းသို့ သွားရောက်တွေ့ဆုံဆွေးနွေး တောင်းဆိုခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေး ရာတွင် ဝန်ကြီးချုပ်ဟောင်း ဟတိုးရာမ ယူကီအို က “စစ်တပ်အာဏာသိမ်းယူတာ အကြမ်းဖက်သတ်ဖြတ်နေတာကို လုံးဝလက်မခံနိုင်ဘူး၊သူအနေနဲ့ မြန်မာပြည်ပြည်လည်ငြိမ်းချမ်းဖို့အတွက် စစ်ကောင်စီ ကိုဖိအားပေး နားချကာ NUG အစိုးရနဲ့တွေ့ဆုံဖြေရှင်းညှိနှိုင်းဖို့နဲ့ မြန်မာပြည်အရေးအတွက် လုပ်ပေးလို့ရတာလုပ်ဆောင်ပေးမယ်လို့ “ ပြန်လည် ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နဲ့ချိတ်ဆက်ပြီး နှစ်စဉ် မြန်မာနိုင်ငံက သင်တန်းသား နှစ်ယောက်သုံးယောက်ခေါ်ယူပြီး စိုက်ပျိုးရေးသင်တန်းပေးတာ၊ မြန်မာပြည်ရဲ့စိုက်ပျိုးရေးဖွံဖြိုးတိုးတက်ပြီး ဝင်ငွေတိုးဖို့အတွက် ကူညီလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *