“မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံကယ်ဆယ် ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်း မင်းကြီး ပန်ကြား”

“မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံကယ်ဆယ် ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်း မင်းကြီး ပန်ကြား”

မြန်မာ နိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ၊ ဆာ လောင် မွတ်သိပ်နေသူတွေထံ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပေးပို့ခွင့်ပြုဖို့ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မြန်မာ စစ်ခေါင်းဆောင် တွေကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

ဗာတီကန်မြို့တော်၊ စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေ နေ့ အများပရိသတ်ကို မေတ္တာပို့ ဆုတောင်း ပေးရင်းသား၊ မြန်မာအရေးကိုပါ ပုပ်ရဟန်းမင်းကြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်အရေး အများသတိပြုမိအောင် ကုလ သမဂ္ဂက သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပုပ်ဖရန်စစ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေ အရေး ထပ်လောင်း ပြော ဆိုလာပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ခံရပြီးနောက် ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဖြစ်ရပ်တွေ တိုးတက်ပေါ်ပေါက် လာနေပါတယ်။

ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဘုရားကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့တဲ့နောက်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီဝတ်ကျောင်းတွေ အပါအဝင် ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အများပြည်သူ ခိုကိုးရာ နေရာတွေ အပေါ် လေးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

“မြန်မာနိုင်ငံထဲက ကက်သလစ် ဘိရှော့ ဘုန်းတော်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုက်တွန်းခဲ့သလိုပဲ အကျွန်ုပ်လည်း ထပ်တူ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ထဲမှာ ထောင် ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ သေလုနီးပါးငတ်မွတ် နေကြရတာတွေကို ကမ္ဘာကြီး သိစေချင်ပါတယ်။ စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ မြန်မာ ဘိရှော့များနဲ့ အတူ အကျွန်ုပ်လည်း တိုက်တွန်းပါတယ်” ဆိုပြီး ပြောသွားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *