ရုပ်ရှင်အစည်းအရုံးကနူတ်ထွက်သည့်အနုပညာရှင်များကို Boycott ပြန်လုပ်နေသည့် အစည်းအရုံးကြောင်းပြောလာတဲ့ ၊သည်ခေတ်နေ

ရုပ်ရှင်အစည်းအရုံးကနူတ်ထွက်သည့်အနုပညာရှင်များကို Boycott ပြန်လုပ်နေသည့် စည်းအရုံးကြောင်းပြောလာတဲ့ ၊သည်ခေတ်နေ

ဇာတ်ကားကောင်းတွေ တော်တော်များများရိုက်ကူးထားတဲ့ ဒါရိုက်တာသည်ခေတ်နေကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက တော်လှန်ရေး အရေးတော်ပုံကြီးမှာ အားကြိုးမာန်တက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..

အမှန်တရားဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ကို ရဲဝင့်စွာ ဆန့်ကျင်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေကလည်း အပါအဝင်ပါပဲ..

သည်ခေတ်နေကတော့ ရှောင်တိမ်းနေရတဲ့ လတ်တလောအခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက်ပါဝင်ကာ စစ်ကောင်စီလက်အောက်ခံ ရုပ်ရှင်အစည်းအရုံးရဲ့အတွင်းသတင်းတွေကို ပြည်သူပရိသတ်တွေသိအောင် ထုတ်ဖော်ပြောပြလာပါတယ်..

ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ကြတဲ့အနုပညာရှင်တွေရဲ့ နာမည်စာရင်းအတိအကျကို ဆိုင်းဘုတ်ကြီးနဲ့ကပ်ထားကာ နှုတ်ထွက်ကြတဲ့ အနုပညာရှင်တွေအပေါ် အစည်းအရုံးက boycott ပြန်လုပ်တဲ့အကြောင်းတွေကိုပြောပြထားတာ ဖြစ်ပါတယ်..

မနောနဲ့မြင်နေရတယ်နော်

ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်သူတွေစာရင်းနာမည်အတိအကျကိုဆိုင်းဘုတ်ကြီးနဲ့ကပ်ထားတဲ့အကြောင်း။

ကိုယ်တွေကို အစည်းအရုံးက boycottပြန်လုပ်တယ်ပေါ (ရယ်ရတယ် သီဟရယ်)

(လုပ်လည်းအစတည်းက စောက်ဂရုလုံးဝမစိုက်)

စစ်ကောင်စီလက်အောက်ခံ ခင်ဗျားတို့ရုပ်/စည်းထဲမှာ ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာလည်း ကြိုမြင်နေတာတစ်ခုရှိတယ်။

ဘယ်သူဘာဆိုတာ အကုန်လုံးလည်းမြင်ရတော့မှာပါ။

ရုပ်ရှင်လိုပဲပြောရရင် မကြာမီမျှော်ပေါ့ဗျာ။

#စစ်တပ်နိုင်ငံရုပ်ရှင်အစည်းအရုံး” ဆိုပြီဒါရိုက်တာသည်ခေတ်နေကအခုလိုရေးသားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *