မြန်မာနိုင်ငံကို လက်နက်္မရောင်းချဖို့တားမြစ်တဲ့ကုလ သမဂ္ဂဆုံးဖြတ်ချက် ကို ဘီလာရုစ် ဘာကြောင့် ကန့် ကွက်ခဲ့

သောကြာနေ့က ကျင်းပပြီးစီးခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ မြန်မာအာဏာသိမ်းမှုအပေါ်ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံထဲကို လက်နက်စီးဝင်မှု့ဟန့်တားဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ဘီလာရုစ် နိုင်ငံက ဆန့်ကျင်ကန့်ကွက်မဲပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို မဲခွဲရာမှာတော့ ကုလအဖွဲ့ဝင် နိုင်ငံ ၁၁၉နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်နဲ့ရုရှားအပါအဝင် ၃၆နိုင်ငံကတော့ ကြားနေခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်အဆိုကို ကန့်ကွက်မဲပေးခဲ့တာပါ။

ဘီလာရုစ်နိုင်ငံက မြန်မာစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းတာကို မရှုတ်ချဘဲ မြန်မာနိုင်ငံထဲ လက်နက်တွေစီးဝင်မှုကို ဟန့်တာဖို့တောင်းဆိုတဲ့အပေါ် ဘာကြောင့်ကန့်ကွက်ခဲ့ရတာပါလဲ။

ဘီလာရုစ်နိုင်ငံအကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဘယ်လာရုစ်နိုင်ငံဟာ ဥရောပရဲ့ နောက်ဆုံး လက်ကျန် အာဏာရှင်နိုင်ငံအဖြစ် တစ်ခါတရံမှာ ညွှန်းဆိုတာခံရပြီးတော့ မြန်မာစစ်တပ်နဲ့လည်း ရှည်လျားကြာမြင့်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့နိုင်ငံတစ်နိုင်ငံဆိုတာတွေ့နိုင်ပါတယ်။

မြန်မာစာဖတ်ပရိသတ်တွေ အနေနဲ့ ဘီလာရုစ်နိုင်ငံကို ပရီမီးယား လိဂ်ဘောလုံးကလပ် အာစင်နယ်နဲ့
စပိန် ဘောလုံး ကလပ်ဘာစီလိုနာ ကစားသမားဟောင်း အလက်ဇန်းဒါး လဘ် နဲ့ တွဲပြီး သိရှိကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ဘီလာရုစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်နက်တင်ပို့ရောင်းချမှု့အမျာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့က ဆိုထားပါတယ်။

လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၄ခုနှစ်ထဲမှာ ဘီလာရုစ်နိုင်ငံကို သွားရောက်ပြီး ဘီလာရုစ်သမ္မတနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီခရီစဉ်အတွင်း သူဟာ ဘီလာရုစ်နိုင်ငံက စစ်လက်နက်ထုတ်လုပ်တဲ့နေရာတွေကိုလည်းသွားရောက်လေ့လာခဲ့ပါသေးတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ နအဖစစ်အာဏာရှင်ခေတ်ကတည်းက မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတို့ဟာ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ဖော်ပြချက်အရ ၂၀၀၈ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ဘီလာရုစ်နိုင်ငံနဲ့စစ်ဘက်ရေးရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ ဒီကော်မရှင်က စစ်လက်နက်ရောင်းချတာတွေ၊ စစ်လက်နက်ထုတ်လုပ်တာအတွက် နည်းပညာသင်တန်းပေးတာတွေ၊ စစ်သင်တန်းပေးတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ ဘီလာရုစ်နိုင်ငံရဲ့ ဆိုဗီယက်ခေတ် air 2K12 Kub ဒုံးပျံကို အဆင့်မြှင့်တင်ထားတဲ့ Kvadrat -M SAM ဒုံးပျံစနစ်ကိုဝယ်ယူခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီးတော့ ၂၀၁၆ခုနှစ် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ ဒီဒုံးပျံစနစ်ကို ပြသခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေရှိတယ်လို့ Justice For Myanmar ကဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅မှာလည်း အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှုးဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်အောင်မြင့် ဦးဆောင်ပြီးလွှတ်တော်ကိုယ်စားပြု့ကိုယ်စာလှယ်အဖွဲ့တစ်ဖွဲ့က ဘီလာရုစ်နိုင်ငံကိုသွားရောက်ခဲ့တာတွေလည်းရှိနေပါတယ်။

အဲ့ဒီအချိန်တုန်းက ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ တွေ့ဆုံပြီးတော့ စစ်လက်နက်ရောင်းချမှု့နဲ့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကိုပူးပေါင်းဆောင်ရွက်ဖို့ ဗိုလ်မှူးချုပ်ခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စာလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။

သူက ဘီလာရုစ်သမ္မတကို သူတို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံလို ယုံကြည်အားကိုးရတဲ့မိတ်ဖက်တွေလိုအပ်တယ်လို့ ပြောဆိုခဲ့ကြောင်းကို Justice For Myanmar ကဖော်ပြပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသားတွေအပေါ် ဗမာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု့တွေပါဝင်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးတဲ့ ၂၀၁၇ခုနှစ်အတွင်းမှာတော့ ဘီလာရုစ်နိုင်ငံနဲ့ ဖွဲ့ထားတဲ့ ပူးတွဲကော်မရှင်၁၀ကြိမ်မြောက်အစည်းအဝေးတွေမှာ စစ်ဘက်သုံးပစ္စည်း ပြု့ပြင်တာတွေ၊ အဆင့်မြှင့်တင်တာတွေနဲ့ နည်းပညာလွှဲပြောင်းပေးတာတွေနဲ့ပက်သက်တဲ့ကိစ္စရပ်တွေအပြင် ခေတ်မှီလက်နက်တွေထုတ်လုပ်နိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဘီလာရုစ်နိုင်ငံက ကမ်းလှမ်းခဲ့ပါတယ်။

အခုလက်ရှိ ဗမာစစ်တပ်က မတရားအာဏာလုယူပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေချိန်မှာလဲ ဘီလာရုစ်နိုင်ငံပိုင်မီဒီယာတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်သမားတွေလို့ လိမ်လည်ထုတ်လွှင့်တာတွေလုပ်ဆောင်ပြီး အာဏာသိမ်းဗမာစစ်တပ်ကို အားပေးတဲ့ ဝါဒဖြန့်ချီမှု့တွေကိုပါ ထုတ်လွှင့်ဆောင်ရွက်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်မှုမှာပါရှိပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကလည်း ဘီလာရုစ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုလည်း ဘီလာရုစ်အစိုးရက ရက်ရက်စက်စက်ဖြိုခွဲ့ခဲ့ပါတယ်။

ဘီလာရုစ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ မတရားအာဏာသိမ်းတာကို အားပေးထောက်ခံနေတာကြောင့် ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံအပေါ်အာဏာသိမ်းတာကိုပြစ်တင်ရှုတ်ချပြီး လက်နက်စီးဆင်းမှုဟန့်တားဖို့အဆိုဆုံးဖြတ်ချက်ကို မထောက်ခံခဲ့တာထင်ရှားပေါ်လွင်နေပါတယ်။

အခုလို မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှု့ကို ဘီလာရုစ်အာဏာရှင်တွေက ထောက်ခံပံပိုးနေတာတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ Justice For Myanmar အဖွဲ့ကဆိုပါတယ်။

ဘီလာရုစ်ပြည်တွင်းမှာလဲ သမ္မတလူကာရှန်ကို အစိုးရဟာ ဒီမိုကရေစီလိုလားနေတဲ့ သူတို့ရဲ့ပြည်သူတွေကို ကိုယ်စားမပြု့ဘူးလို့ Justice For Myanmar အဖွဲ့ကဝေဖန်ထားပါတယ်။

ဘီလာရုစ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကိုထောက်ပံအားပေးနေတာတွေကို ရပ်တန့်ကရပ်ဖို့လိုကြောင်းနဲ့ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးက လက်နက်ရောင်းချမှုပိတ်ပင်ရေးတောင်းဆိုချက်ကို Justice For Myanamr အဖွဲ့ကလည်း ထပ်မံတောင်းဆိုတယ်လို့ သူတို့ရဲ့ထုတ်ပြန်မှု့မှာရေးသားထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *