စစ်တပ်၏ ရိုက်နှက်မှုကြောင့် မှော်ဘီဒေသခံ အမျိူးသမီး ကိုယ်ဝန်ပျက်ကျ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စိန်ရွှေကုန်းရွာမူလတန်းကျောင်း ဇွန် ၁၄ ရက်နေ့က မီးလောင်ပြီးနောက် ၎င်းရွာမှ လူ၄၀ ကျော်ကို စစ်တပ်က ရိုက်နှက်မှုကြောင့်အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ရွာခံများထံမှ သိရသည်။

ကိုယ်ဝန် လရှိနေသည့် ယင်းအမျိုးသမီး၏ ဖုန်းထဲတွင် ၎င်းဆန္ဒပြနေသည့် ဓာတ်ပုံတစ်ပုံတွေ့ရှိသောကြောင့် ထိုနေ့တွင်ရိုက်နှက်စစ်ဆေးခံရသည်။

အဲဒီတစ်ပုံကို တွေ့ပြီး ခေါ်သွားတာ။ သူ့ဖုန်းကို စက်လေးနဲ့ထိုးကြည့်တော့ ဖျက်ထားတဲ့ပုံတွေ ပေါ်တယ်လို့ ပြောတယ်။ ကိုယ်က ဘယ်လိုဖျက်ဖျက်၊ ပုံတွေ အကုန်ပေါ်တယ်တဲ့။ သူတို့စက်လေးနဲ့ ထိုးကြည့်တော့ ဓာတ်ပုံတွေကပေါ်နေတယ်။

ညာလို့မရဘူးလို့ ပြောတယ်။ ဆန္ဒပြပွဲမှာ ဓာတ်ပုံရိုက်ခဲ့တော့ ပုံထဲမှာပါတဲ့ သူတွေရဲ့ နေရပ်လိပ်စာတွေ၊ လမ်းနာမည်တွေကို တောင်းတယ်တဲ့။ ဖုန်းထဲကနေတောက်လျှောက်လိုက်နေတာဟု ရွာခံတစ်ဦးက ပြောသည်။စစ်ကောင်စီကို တော်လှန်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များကလည်း ထိုကဲ့သို့ ပြည်သူကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ကြောင်း အသီးသီး ပြောဆိုထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *