စစ်ဘေးရှောင်များသို့ အကူအညီပေးရေးလမ်းကြောင်းများဖွင့်လှစ်ပေးရန် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ

စစ်ဘေးရှောင်များသို့ အကူအညီပေးရေးလမ်းကြောင်းများဖွင့်လှစ်ပေးရန် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံ

(ဘာသာပြန်)

ဖေဖေါ်ဝါရီ ၁ ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရသည့်အပြင် ဆာလောင်မွတ်သိပ်နေသည့်ပြည်သူများဆီသို့ လူညီခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းများကို ဖွင့်လှစ်ပေးရန်နှင့် ဘာသာရေးဆိုင်ရာနေရာများကို အထွက်အမြတ်ထားရာနေရာများအဖြစ် လေးစားလိုက်နာပေးရန် ပုပ်ရန်းမင်းကြီး ဖရန်စစ် က မြန်မာစစ်တပ်ကို တနင်္ဂနွေနေ့ (ဇွန် ၂၀) တွင် မေတ္တာရပ်ခံပန်ကြားခဲ့သည်။

မြန်မာနိုင်ငံ ကတ်သလစ်ဘုန်းတော်ကြီးများအသင်း၏ ပြီးခဲ့သည့်အပတ်က အာဏာသိမ်းစစ်အုပ်စုသို့ ပန်ကြားမှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စိန့် ပီတာ ဘုရားကျောင်းဆောင်၌ ၎င်း၏တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစာရေဆာပြတ်လပ်ရာမှ သေဆုံးခဲ့ရတဲ့ ပြည်သူတွေအကြောင်း ကြားရတာဟာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်” ဟု မြန်မာရှိ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

“နေရပ်စွန့်ခွာထွက်ပြေးသူများသို့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းများကို ဖွင့်လှစ်ပေးရန် နှင့် ဘုရားကျောင်းများ၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ စာသင်ကျောင်းများ နှင့် ဆေးရုံများကို ဒုက္ခသည်များ ခိုလှုံရာအရပ်အဖြစ်သတ်မှတ်ပြီး စစ်ကင်းမဲ့ရေးနေရာအဖြစ် လေးစားလိုက်နာပေးရန်” စသည်တို့ပါဝင်သည့် မြန်မာနိုင်ငံကတ်သလစ်ဘုန်းတော်ကြီးများအသင်း၏ ပြီးခဲ့သည့်အပတ်က အာဏာသိမ်းစစ်အုပ်စုသို့ ပန်ကြားထားမှုအား ပုပ်ရဟန်းမင်းကြီးက ထောက်ခံပြောကြားခဲ့သည်။

ကုလ အထွေထွေညီလာခံသည်လည်း သောကြာနေ့ (ဇွန် ၁၈) တွင် မြန်မာသို့ လက်နက်များစီဆင်းစေမှုကို ရပ်တန့်ပေးရန်ကို ကမ္ဘာ့နိုင်ငံများသို့ တောင်းဆိုခဲ့ပြီး မြန်မာစစ်တပ်ကိုလည်း နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ဘာသာပြန်-BAP

Leave a Reply

Your email address will not be published. Required fields are marked *