အဖေ
ကြာခဲ့ပါပြီ အဖေရက်တွေလည်းပြောင်း လတွေဟောင်းလို့ဆောင်းအလီလီနဲ့ မိုးအခါခါဖြတ်နွေဘက်တွေလည်းမျက်ရည်စက်တွေနဲ့
အိပ်တန်းတက်ခဲ့ဖူးပါပြီ
တစ်ခြားမိသားစုများကို အားကျငါးတန်းနှစ် အဖေ့အလောင်းမီးတိုက်ထဲသွင်းကာနီးကို
သတိရမိပါသေးတယ်
ကန်တော့ရင်းတွေးအဖေအိပ်နေတာလေးများ ဖြစ်မလား???အခေါင်းဖုံးကို လှစ်ဟ ချစ်ပါရစေဦး နေပါဦးလို့တဖွဖွ ခေါ်ချင်ပေမယ့်
နာကျင်လွမ်းလို့ မအော်နိုင်တော့ပါဘူး
လွမ်းတယ် အဖေမုန့်ဖိုးလေးတွေ အရင်လိုပေးပါစာမရတဲ့အခါ လာဆူပေးပါအဖေက သီချင်းတွေဆို ဒီက အဖေ့သမီးအငယ်မ ကပြချင်သေးတာ
စစနောက်နောက် စိတ်ကောက်ချင်သေးတာဘယ်တော့မှ ပြန်မလာနိုင်မှန်းသိပေမယ့် ကောင်းမှုတစ်ခု နေ့စဉ်ပြုရင်းသမီး ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ
သံသရာတစ်ကွေ့ကွေ့
ပြန်တွေ့ပါရစေ အဖေ……..
Happy Father’s Day