ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ဖြင့်ရေးသားခဲ့ ကိုမင်းကိုနိူင်ရဲ့ ကဗျာ
“ ဝေမြဲနှင်းဆီ ”
ဟိုတုန်းက ပြပွဲတွေမှာနှင်းဆီတပွင့်ပုံ တင်ချိတ်ရုံနဲ့ပန်းချီကားလည်း အဖြုတ်ခံရ
ရေးဆွဲသူလည်း အစစ်ခံရတယ်
မိခင်က ရင်သွေးကို နို့ချိုကျွေးမယ်
ဘာအဓိပ္ပာယ်လဲ မေးစရာလား
မိခင်က ရင်သွေးကိုအသက်ကယ်ပေးမယ်
ဘာရည်ရွယ်လဲ မေးစရာလား
ပုဆိန်ရိုး ..တဲ့
ချိုးဖဲ့တိုင်း ကြွေရရင်
ဝေပြစရာတောင် ကျန်မှာမဟုတ်
ခုတော့ ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ
အို..နှင်းဆီ…
ရန်လိုတိုက်ခိုက်သူများအတွက်
ဘယ်လိုရင့်ကျက်
ရက်စက်ရိုင်းစိုင်းမှုများကိုဘယ်လို ဖြတ်ကျော်
သူ့ကျင့်စဉ်အလှ ကမ္ဘာမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ ။ဝေမြဲ.နှင်းဆီ
ဣနြေ္ဒ္ဒဖြင့် ရှေ့ကိုပဲကြည့်နေသည်။.
#မင်းကိုနိုင်
(၁၉/ဇွန်/၂၀၁၆)
zawgyi/