ဒေါ်အောင်ဆန်းစုကြည်အတွက် ဟန်နာယူရီရဲ့ မွေးနေ့ဆုတောင်း
ဧရာဝတီ၊ ဇွန် ၁၉ ၊ ၂၀၂၁ ။
ယနေ့၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့မှာ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက အခုလိုပဲ ဆုတောင်းပေးထားပါတယ်။
“အမေစု ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ။ သမီးတို့ ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းတဲ့ စည်းလုံးတဲ့ နိုင်ငံတော်ကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ပါစေ။ သမီးတို့တွေ အားတင်းထားသလို အမေစုလည်း အားတင်းထားပေးပါ”
“သမီးတို့ အမေစု အထူးလိုလား ကြိုးစားနေသော ဦးတည်ချက် ပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းသာယာ တိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး မရမချင်း အဆုံးထိ တိုက်ပွဲဝင်နေပါမယ်ရှင်။ အမေစု ကျန်းမာပါစေ။ သက်ကျော်ရာကျော် ရှည်ပါစေ”လို့ ဟန်နာယူရီက ဆုတောင်းပေးထားပါတယ်။