ပန်းလေးတပွင့်တောင် ဒီလောက်ကြောက်နေရင် မြို့သိမ်းတိုက်ပွဲဆိုရင် ဘယ်လိုတွေဖြစ်မလဲ တွေးသာတွေးကြည့်

မိတ်ကပ်ပညာရှင်မေဦးကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်လာခဲ့တာက ယနေ့အချိန်အထိပဲ ဖြစ်ပါတယ် မေဦးက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေ အားမလျော့စေဖို့အတွက် အမြဲအားပေးနေတာလည်း ဖြစ်ပါတယ်

 မေဦးက ပန်းသပိတ်လေးလုပ်တာတောင် လိုက်ဖျက်ဆီးနေတဲ့သူတွေကို အထိနာအောင် ပြောလိုက်တာပဲ ဖြစ်ပါတယ် မနေ့က ရန်ကုန်မြို့ရှိ နေရာတစ်ချို့မှာ ပန်းရောင်း၊ပန်းဝယ်လုပ်နေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေကြောင်း သတင်းတစ်ခုတက်လာခဲ့တာ ဖြစ်ပါတယ်

ဒီသတင်းနဲ့ပတ်သက်ပြီး မေဦးကပန်းသပိတ်နဲ့ ပန်းလေးတပွင့်တောင် ဒီလောက်ကြောက်နေရင် မြို့သိမ်းတိုက်ပွဲဆိုရင် ဘယ်လိုတွေဖြစ်မလဲ တွေးသာတွေးကြည့်လိုက်တော့ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ် ဒီလိုအချက်တွေကြောင့်ပဲ ရှုံးကိုရှုံးမှာလို့ ယုံကြည်တာအလကားမဟုတ်ဘူးဆိုပြီး မေဦးက ထိထိမိမိပြောချလိုက်တာ ဖြစ်ပါတယ် ယနေ့မှာဆိုရင်လည်း အမေစုမွေးနေ့အတွက် ပန်းပန်တဲ့ပြည်သူတွေကို လိုက်လံဖမ်း နေကြောင်း သတင်းတွေကြားသိနေရတာလည်း ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *