“စစ်တပ်အာဏာသိမ်းတာဟာ လုံးဝလက်ခံနိုင်စရာ မရှိသလို အာဏာသိမ်းတာဟာ အစဉ်အလာလို ဖြစ်နေတဲ့ကမ္ဘာကြီးမှာ ကျနော်တို့ မနေနိုင်တဲ့အတွက် ဒါကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ပြတ်ပြတ်သားသားသတင်းစကား ပါးနိုင်မယ်လို့ ” မျှော်လင့်ကြောင်း ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်တွေကြောင့် သေဆုံးရသူ ၈၆၀ ကျော်နေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကသတင်းထုတ်ပြန်ထားတာ ဖြစ်ပြီး စစ်ကောင်စီကတော့ သေဆုံးသူအရေအတွက် ၃၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ပြောဆိုထားတာပါ။
မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့၊ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့ အစည်းဝေးကနေ တောင်းဆိုဖို့ စီစဉ်ထားတယ်လို့ သံတမန်တွေရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီတောင်းဆိုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲအတွင်းရေးမှုးချုပ် Guterres ကတော့ အထွေထွေ ညီလာခံကနေ ပြတ်သားတဲ့ သတင်းစကား ပါးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ အဆိုပြု ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ မတူပဲ လိုက်နာဖို့ မလိုအပ်ပေမယ့် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိလာနိုင်ပါတယ်။
ဒီတောင်းဆိုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲအတွင်းရေးမှုးချုပ် Guterres ကတော့ အထွေထွေ ညီလာခံကနေ ပြတ်သားတဲ့ သတင်းစကား ပါးနိုင်မယ်လို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ အဆိုပြု ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ မတူပဲ လိုက်နာဖို့ မလိုအပ်ပေမယ့် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိလာနိုင်ပါတယ်။