အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

စစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံ ၁၁၉ နိုင်ငံရဲ့ ထောက်ခံမဲနဲ့  ဇွန်လ ၁၈ ရက်ဒီကနေ့ အတည်ပြုခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မှာ  စစ်တပ် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို ..ချခြင်း မပြုကြဖို့ တောင်းဆိုထားပါတယ်။  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အခု ဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် မိမိတို့မျှော်လင့်တာထက် အများကြီး အားနည်းနေတယ်လို့ ပြောပါတယ်။ နယူးယောက်မြို့ရှိကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူက ဒီကနေ့ အခုလို ပြောကြားခဲ့တာပါ။


သံအမတ်ကြီး ဦးကျော်မိုးထွန်း က အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ NUG အစိုးရကိုယ်စားလှယ်တွေနဲ့  မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူ တရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို လေးစားစေလိုကြောင်း၊ အခုဆုံးဖြတ်ချက်မှာ ….ရောင်းချမှု ပိတ်ပင်တဲ့အချက် မပါဝင်ကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံခြားကဝယ်ယူတဲ့ အမြောက်နဲ့ တခြား….ကို သုံးပြီးအပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တဲ့အတွက် သူတို့ကို…ချပေးခြင်းအားဖြင့် သူတို့ကိုစစ်ရာဇဝတ်မှုတွေ၊ ဆက်လက် ကျူးလွန်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးအချက်အဖြစ် စစ်တပ်ရဲ့ လူမဆန်ရက်စက်မှုတွေကို တားဆီးဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ခိုင်မာပြတ်သားတဲ့ အရေးယူမှုတွေကို ချက်ခြင်းလုပ်ဆောင်ဖို့လိုအပ်နေပြီ ဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာပြည်ရဲ့ လက်ရှိ ပဋိပက္ခကို အလေးအနက် လေ့လာဆန်းစစ်ကာ အာဏာသိမ်းစစ်ကောင်စီအပေါ် အပြင်းထန်ဆုံးနဲ့ ခိုင်မာထိရောက်မှုအရှိဆုံး အရေးယူမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အထွေထွေညီလာခံမှာ ဒီကနေ့ ပြောကြားသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *