စိုးရိမ်တတ်သည့်ကုလအတွင်းရေးမှူးချုပ်ကို နောက်ထပ် ၅ နှစ် တာ၀န်ပေးအပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို နောက်ထပ် နှစ် သက်တမ်း တာ၀န်ယူဖို့ အထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။ အတွင်းရေးမှူးချုပ်ကတော့ သမိုင်းတလျှောက် အရေးကြီးတဲ့ ကာလမျိုးမှာကြီးမားတဲ့ တာ၀န်တွေကို အပ်နှင်းခံရတဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့တာပါ။

နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရမယ့် ရွေးချယ်မှုတွေနဲ့အတူ ကျနော်တို့ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေကြတာပါ။ အကျပ်အတည်း သံသရာထဲမှာပဲ တဝဲလည်လည် ဖြစ်နေမယ့် ပြိုလဲပျက်စီးတဲ့ လမ်းကြောင်းကိုဦးတည်နိုင်သလို၊ အားလုံးအတွက် ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ သာယာတဲ့ အနာဂတ်ကို ဦးတည်မယ့်အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အပြောင်းအလဲတွေ ဖြစ်လာအောင် အစွန်းကုန် တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။လို့ အတွင်းရေးမှူးချုပ် Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာသောကြာနေ့က နောက်တကြိမ် တာ၀န်သက်တမ်း လက်ခံရယူတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ အဖွဲ့၀င် နိုင်ငံတွေ အားလုံးအပေါ် ညီတူညီမျှ ဆက်ဆံသွားမှာဖြစ်သလို၊ နိုင်ငံတွေကြား ယုံကြည်မှုတွေကို မြေတောင်မြှောက်ပေးဖို့လည်း ကတိပြုခဲ့သလို၊ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ကိစ္စတွေ ဖြစ်လာအောင်ဦးဆောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ကို နောက်ထပ် တာ၀န်ပေးဖို့ ကုလသမဂ္ဂမှာ သြဇာအရှိန်အဝါ ကြီးမားတဲ့ လုံခြုံရေးကောင်စီကဇွန်လ ရက်နေ့ကပဲ ထောက်ခံမှုပေးထားတာပါ။ အတွင်းရေးမှူးချုပ်ကို ဆက်လက် တာ၀န်ပေးဖို့ တညီတညွတ်တည်း ထောက်ခံခဲ့ကြတာ ဖြစ်ကြောင်းလည်း လုံခြုံရေးကောင်စီ အလှည်ကျဥက္ကဋ္ဌ Estonia နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Sven Jurgenson က အထွေထွေညီလာခံကို ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *