ဗဟိုအာရှဒေသဇုန် တည်ထောင်ရန် တရုတ်နှင့် ရုရှားအကြင်လင်မယားသဖွယ် ဆွေးနွေးဖွယ်ရှိ

တရုတ်နဲ့ ရုရှားတို့ဟာ ဗဟိုအာရှဒေသချန်လှပ်ဇုန်တည်ထောင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံ ရှီးယန်မြို့မှာ ဗဟိုအာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီး အဲ့ဒီအစည်းအဝေးပွဲမှာ တရုတ်အစိုးရအရာရှိတွေနဲ့ ဗဟိုအာရှဒေသနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထား အလေးပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗဟိုအာရှဒေသမှာရှိတဲ့ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ္စတန်၊ တပ်ခ်မင်နစ္စတန်၊ တာဂျကစ္စတန်တို့ရဲ့ ပထဝီနိုင်ငံရေးကိစ္စတွေမှာ တရုတ်က ဝင်မပါဘဲ လက်ရှောင်ဖို့ကို ရုရှားက အလိုရှိနေပြီး တရုတ်ကလည်း အဲ့ဒါကို သဘောတူလိုက်လျောပေးဖွယ်ရှိနေပါတယ်။

ဗဟိုအာရှဒေသဟာ ရုရှားအတွက် နိုင်ငံရေးအကျိုးစီးပွားအရရော စီးပွားရေးအရပါ အရေးပါနေတဲ့ဒေသကြီးဖြစ်ပြီး အဲ့ဒိဒေသတွေက တရုတ်က ဝင်မစွက်ဖက်ဘဲ သူတစ်ဦးကို ထိန်းချုပ်ခွင့်ကို ရုရှားက အလိုရှိနေပါတယ်။

မေရိကန်နဲ့ နေတိုးတပ်တွေ ဆုတ်ခွာနေတဲ့ကိစ္စကို စိုးရိမ်ပူပန်နေကာ တာလီဘန်အရေးက သူ့ရဲ့အရှေ့ပိုင်းစီရင်စုခရိုင်တွေနဲ့ အာရှအလယ်ပိုင်းဒေသတွေဆီ ပျံ့နှံ့ရောက်ရှိလာမှာကို တရုတ်က စိတ်ပူနေတာဖြစ်ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *