အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ ထုတ်ပြန်ချက် ထုတ်တဲ့အဆင့်ကို ကျော်လွန်အောင် ဆက်ကြိုးစားရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်ပေါ်မှာရေးသားထားပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားက အမျိုးမျိုးသော အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းခံရတိုင်းအမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၁၅ ရက်မှာ ထုတ်ပြန်ချက်တွေ ထုတ်ထားတာ ရှိပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့အနေနဲ့ ပိုကြိုးစား၊ ပိုပါးနပ်ဖို့လိုတယ်လို့ ဆိုထားသလို “စတိတ်မန့်အဆင့်ကိုကျော်လွန်အောင် ဆက်ကြိုးစားရမယ်။ ဒီထက်ပိုကြောက်အောင် နေရာတိုင်းမှာ ပိုလှုပ်ရှားရမယ်။” လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရက်စက် ယုတ်မာမှုတွေဟာ အကြောက်တရားကြီးနေတာကို ထင်ရှားစေတယ်လို့လည်း ဖော်ပြထားပါတယ်။
“ခုခံကာကွယ်ရေးအင်အားမတောင့်တင်းသေးတဲ့ အခြေအနေမို့ လက်တွေ့အကူအညီ မပေးနိုင်သေးတဲ့အပေါ်အားမလိုအားမရဖြစ်မိပေမဲ့ တခြားနည်းနဲ့ အနိုင်ရဖို့ အားထုတ်ဖို့ လိုတယ်။” လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခံရတဲ့ မင်းတပ်၊ တလုတ်၊ ပဲခူး၊ မန်းလေး၊ မုံရွာ၊ ခင်ဦး၊ ရန်ကုန်အပါအဝင် ဒေသတိုင်းဟာ ရှုံးနိမ့်ခဲ့ကြတာ မဟုတ်ဘူးလို့လည်း သူက ရေးသားထားပါတယ်။
ဓာတ်ပုံ – ဦးအောင်မျိုးမင်း Facebook
zawgyi/
UNG အနေနဲ့ စာထုတ်ပြန်တဲ့အဆင့်ကို ကျော်လွန်အောင် ဆက်ကြိုးစားရမယ်လို့ ဦးအောင်မျိုးမင်းဆို