မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ

ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊ ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခု တော့ စစ် တပ်က တမှုပြီးတမှုပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံမှာ မွေးနေ့တွေကို ကာယကံရှင်ကိုယ်တိုင်က တကူးတကမှတ်မှတ်ရရ ကျင်းပနေစရာမလိုဘဲ လူထုကအမြဲသတိတရနဲ့ ကျင်းပပေးခြင်း ခံရသူတွေ ရှားရှားပါးပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ပါတယ်။

မွေးနေ့ဆိုတာတော့ တစ်နှစ်ပြီးသွားပြီပေါ့နော်၊ နှစ်တစ်နှစ်က ရွေ့လျားသွားပြီ၊ တစ်နှစ် တစ်နှစ် ရွေ့လျားသွားတဲ့အချိန်အတွင်းမှာ ပြည်သူ တိုင်းပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာ တာဝန်ရှိတာတွေလုပ်ခဲ့လဲ၊ ဘာတန်ဖိုးရှိတာတွေလုပ်ခဲ့လဲ ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်၊ တန်ဖိုး ရှိတယ်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘူး၊တခြားသူတွေအတွက်ပါပေါ့၊ အဲဒါလေး သုံးသပ်ပြီးတော့ နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီးတန်ဖိုးရှိတဲ့ ကိစ္စတွေဖြစ်မြောက်အောင်လုပ်မယ်ဆိုတာ သံဓိဋ္ဌာန်လေးတွေ ချပေးစေချင်ပါတယ်၊ အဲဒါကပဲ အမေ့အတွက်မွေးနေ့လက်ဆောင်ပေါ့

ဒီစကားလုံးတွေကို ၂၀၁၉ ခုနှစ်က ကျရောက်တဲ့ သူ့ရဲ့ ၇၄ နှစ်မြောက် မွေးနေ့မှာ သူရချင်တဲ့ မွေးနေ့လက် ဆောင်အကြောင်းကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပြောခဲ့တာပါ။

အခု ၂၀၂၁ ခုနှစ်မွေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချစ်တဲ့ပြည်သူတွေကိုခြံရံပြီး မွေးနေ့ပွဲကိုကျင်းပဖို့ မဖြစ်နိုင်ပြန်ပါဘူး။

ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ဒီနှစ်မွေးနေ့ကတော့ ၁၀ နှစ်ကျော် ပြင်ပကမ္ဘာမှာ လွတ်မြောက်ပြီးတဲ့နောက် နောက်တဖန်နေအိမ်အကျယ်ချုပ် ကာလမှာ ကျရောက်တဲ့မွေးနေ့ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းသူ့ကိုချစ်တဲ့သူ အမြောက်အမြားကိုဘေးမှာခြံရံပြီး နောက်ဆုံးကျင်းပထားတဲ့ မွေးနေ့ဆိုလည်း မမှားပါဘူး။

ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုချစ်တဲ့ပြည်သူတွေ ကိုယ်တိုင်လိုက်နာခဲ့တာကြောင့်ပါ။ အဲဒီနှစ်ကသူ့ရဲ့နေအိမ်မှာပဲအတူနေမိသားစုနဲ့ပဲ ကျင်းပခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *