မကြာမီကာလအတွင်း၌ မိမိတို့ ကြိုးစားထားသည့် အသီးအပွင့်များကို ခံစားရမည်ဖြစ်ကြာင်း အလုပ်သမားဝန်ကြီး ပြောကြား

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အမှာစကား ပြောကြားရာတွင် ယခုလိုကာလ၌ ညီညွတ်စွာဖြင့်က်စစ်ကောင်စီကို တော်လှန်သွားဖို့ လိုအပ်ကြောင်း၊

မကြာမီကာလအတွင်း၌ မိမိတို့ ကြိုးစားထားသည့် အသီးအပွင့်များကို ခံစားရမည်ဖြစ်ကြာင်း ဝန်ကြီးဌာနတွင် တာဝန်ယူထားသူများ၏ ဆောင် ရွက်ချက်များကို အသိအမှတ်ပြု အလေးထားကြောင်း အမှာစကားပြောကြားသွားပါသည်။

ထို့နောက် အစည်းအဝေး အစီအစဥ်အတိုင်း ဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာရေးကိစ္စ၊ CDM ကိစ္စ၊ အထွေထွေ ကိစ္စများကို အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဒုတိယအတွင်းဝန် ဦးဌေးလှနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှေ့ဆက်လုပ်ဆောင်ရမည့်အစီအစဥ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က လိုအပ်သော လုပ်ငန်းလမ်းညွှန်များကို ချမှတ်၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ခန့်တွင် ရပ်နားခဲ့ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *