ငှက်ပျောပင်ရောင်းမယ်လို့ အာဏာာသိမ်းစစ်ခေါင်းဆောင် ကြေညာ

စစ်ကောင်စီ၏ ၉ကြိမ်မြောက် စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။


စားသောက်ကုန်နှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် တစ်သျှူးနည်းဖြင့်  ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါကပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပါကတိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊  အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏လက်ထက်တွင် လောင်စာဆီထုတ်လုပ်ရန်ဟုဆိုကာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဆူပင်များစိုက်ပျိုးရန် အမိန့်ထုတ်ခဲ့၍ တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများပါမကျန် ကြက်ဆူပင်များစိုက်ပျိုးခဲ့ရသေးသည်။

သူ့ကိုသူ အာဏာထိမ်းခေါင်းဆောင်အဖြစ် သုံးနှုန်းနေပြီး တစ်ကမ္ဘာလုံးက အာဏာသိမ်းခေါင်းဆောင်အဖြစ်သုံးနှုန်းခေါ်ဝေါ်နေသည့်ယခု စစ်ခေါင်းဆောင်ကလည်း ငှက်ပျောပင်စိုက်ရန် သင့်တော်သည့်နှုန်းထားဖြင့် ရောင်းပေးမည်ဟု ဆိုပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *