အာဆီယံ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့ နောက်သီတင်းပတ်မှာ မြန်မာကို လာရောက်အိမ်မက်ပေးမည်ဟုဆို

အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ နောက်သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယား Arirang သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို မြင်တွေ့သိရှိနိုင်ဖို့အတွက် အာဆီယံထိပ်တန်းခေါင်းဆောင်နှစ်ဦး လာရောက်မှာဖြစ်တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ဖြေရှင်းနိုင်ရေး အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုများအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို လက်တွေ့ကျကျ၊ ခိုင်ခိုင်မာမာ ဖော်ဆောင်သွားရန် တောင်းဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ အာဆီယံခေါင်းဆောင်နှစ်ဦးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီခေါင်းဆောင်နှစ်ဦးဟာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ အာဆီယံအသင်းထံက သိရတဲ့သတင်းအချက်အလက်အရဆိုပြီး ဖော်ပြထားပါတယ်။
ယင်း သတင်းဖော်ပြချက်အရ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းဘုရင်က အာဆီယံအတွင်းရေးမှူးချုပ်နဲ့အတူ မြန်မာကို လာရောက်ဖို့ရှိနေတာဖြစ်ပါတယ်။

(zawgyi)

အာဆီယံ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့ နောက်သီတင်းပတ်မှာ မြန်မာကို လာမည်ဟု ဆို

Leave a Reply

Your email address will not be published. Required fields are marked *