ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့နေအဖွဲ့က နေ့စဥ်အသုံးစရိတ်အတွက် ငွေကြေးကူညီရာမှာ ရဲက လက်မခံတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လေးလကျော်အတွင်းမှာ နေ့စဉ်စားဝတ်နေရေးနဲ့ အသုံးစရိတ် ခက်ခဲ နေတဲ့အတွက် ကူညီပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့ ရုံးချိန်းမှာ သူ့ရဲ့ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေထိုင်သူတွေရဲ့ နေ့စဉ်အသုံးစရိတ်အတွက် နေပြည်တော်မှာရှိတဲ့ ရှေ့နေအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ရဲတပ်ဖွဲ့ကတဆင့် ကျပ်ငွေ သိန်း ၅၀ ပေးခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဆန်၊ ဆီ၊ ဆားတော့ ပို့ထားတယ်လေ၊ အဲဒါတွေကတော့ ပြန်မပေးဘူးဗျ၊ သို့သော် ဒေါ်အောင်ဆန်း စုကြည်ကပြောတာ တချို့ပစ္စည်းတွေ၊ တချို့အစားသောက်တွေက နည်းနည်းလေး မှိုတက်တာတွေ ဘာတွေရှိတယ်လို့ ပြောတယ်၊ ဒုတိယနေ့က ပို့တော့လေ။ တွေ့တဲ့အခါတိုင်းတော့ အဆင်ပြေသလို ပို့ကြရမှာပေါ့နော်၊ ဒါပေမဲ့ ခုနက ပြောသလို ငွေကြေးကတော့ မရသေးဘူး၊ ဘယ်လိုပြောရမလဲ အရံ ဆောင်ထားဖို့ပို့တဲ့ ငွေ သိန်းငါးဆယ်ကတော့ ရဲကလက်ခံထားပြီး ဟိုတစ်နေ့က ပြန်ပေးလိုက်တယ်ဗျ၊ ဒုတိယ ရုံးချိန်းနေ့က၊ ခဏသိမ်းထားပါဦး အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်

Leave a Reply

Your email address will not be published. Required fields are marked *