အာဏာသိမ်းပြီး(၄)လအကြာမှာ မြန်မာ့အရေးကို ကုလထပ်မံ စိုးရိမ်လွန်ကဲကြောင်းထုတ်ပြန်
မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာမှုကို ဖော်ကျူးနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ် တလန့်ဖြင့် စိုးရိမ်ပူပန်လျက် ရှိပါသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လက်ရှိအကျပ်အတည်းတွင် ပါဝင်ပတ်သက် နေသူများအားလုံးအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်ကြရန် ထပ်လောင်းတိုက်တွန်းလိုက်ပါသည်။
နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာမှုဟု ဆိုရာတွင် စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများအတွင်း အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို ထိခိုက်မှုများနည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည့် တာဝန်နှင့် ရပ်ရွာလူထုများ၊ မိသားစုများ သို့မဟုတ် လူပုဂ္ဂိုလ်များအပေါ် သိမ်းကျုံးရောနှော၍ အပြစ်ပေးခြင်းကို တားမြစ်ရန် တာဝန်တို့အား စောင့်ထိန်းခြင်းလည်းပါဝင်ပါသည်။