UN တောင်းဆိုမရတဲ့ စစ်ကောင်စီကို၊ သြစတြေးလျ ဗိုလ်ချုပ်ကြီး ဆက်သွယ်တောင်းဆို

UN တောင်းဆိုမရတဲ့ စစ်ကောင်စီကို၊  သြစတြေးလျ ဗိုလ်ချုပ်ကြီး ဆက်သွယ်တောင်းဆို


မြန်မာနိုင်ငံတွင်း အရပ်သားတွေကို ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည် ကျင့်သုံးရေးနဲ့ ဖေဖော်ဝါရီလ ရက်နေ့အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သြစတေးလျကာကွယ်ရေးတပ် ဒုတိယ အကြီးအကဲက မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေထံ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေး ခွင့်ပြုဖို့လည်း သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယ အကြီးအကဲက ထပ်မံ တောင်းဆိုပါတယ်။

သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး David Johnston က မြန်မာစစ်တပ် ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုး၀င်းကို ဗုဒ္ဓဟူးနေ့က ဆက်သွယ်ဆွေးနွေးမှု အတွင်းမှာအခုလို တောင်းဆိုခဲ့တာ ဖြစ်ကြောင်း သြစတေးလျ ကာကွယ်ရေး ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Leave a Reply

Your email address will not be published.