မြန်မာကိုယ်စားပြု UN လူ့အခွင့်ရေးကောင်စီကိုယ်စားလှယ်ရွေးချယ်မှု UNGA တွင်ဆုံးဖြတ်မည်

မြန်မာကိုယ်စားပြု UN လူ့အခွင့်ရေးကောင်စီကိုယ်စားလှယ်ရွေးချယ်မှု UNGA တွင်ဆုံးဖြတ်မည်


မြန်မာနိုင်ငံ ကိုယ်စားပြု ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကိုတက်ရောက်မယ့် ကိုယ်စားလှယ်ရွေးချယ်မှုအတွက်လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) မှာဆုံးဖြတ်ရွေးချယ်မယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့က်စစ်ကောင်စီ တို့က ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ တက်ရောက်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြုကိုယ်စားလှယ်အမည်စာရင်းတွေကိုအပြိုင်အဆိုင် တင်ပြထားကြပါတယ်။

ဘယ်ကိုယ်စားလှယ်ရဲ့ တက်ရောက်ခွင့်ကိုမှ လူ့အခွင့်ရေးကောင်စီက လက်မခံခဲ့ပါဘူး။ ကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုယ်စားပြုမှုကို ကုလသမဂ္ဂအထွေထွေညီလာခံကသာ ဆုံးဖြတ်ရမှာဖြစ်တယ် NUG အစိုးရနဲ့ကုလသမဂ္ဂ ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့က လာမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အထူးကြိုးပမ်းလုပ်ဆောင်ရမဲ့အရာ ဖြစ်လာပါတယ်လို့ NUG အစိုးရ လူ့အခွင့်ရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာကတဆင့်ရေးသားထားပါတယ်။


၄၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးကို လာမယ့် ဇွန်လ ၂၁ရက်ကနေ ဇူလိုင် ၂၅ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီးကုလသမဂ္ဂ အထွေထွေညီလာခံကိုတော့ လာမယ့်အောက်တိုဘာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *