လက်သုံးချောင်းထောင်ခဲ့သည့်ဂိုးသမား ပြည့်လျှံအောင် မြန်မာပြည် မပြန်ဘဲ ဂျပန်တွင် နေခဲ့

လက်သုံးချောင်းထောင်ခဲ့သည့်ဂိုးသမား ပြည့်လျှံအောင် မြန်မာပြည် မပြန်ဘဲ ဂျပန်တွင် နေခဲ့

ဆန့်ကျင်ဆန္ဒပြခဲ့သော ဂိုးသမား ပြည့်လျှံအောင်သည် မြန်မာ့လက်ရွေးစင်အသင်းမြန်မာပြည်ပြန်လာသည့် ခရီးစဥ်တွင် ပြန်ပါမလာဘဲ ဂျပန်နိုင်ငံ၌ နေခဲ့သည်ဟု သိရသည်။

ဂိုးသမားပြည့်လျှံအောင်ကို လေယာဥ်ပေါ်တက်ခါနီး၌ ဂျပန် လဝက ခေါ်ယူခဲ့သောကြောင့် ကျန်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူ ဒီမှာ နေတာက ပိုအဆင်ပြေမှာပါ။ စိတ်ချပါ။ သူ့ကို ကူပေးတဲ့သူ အများကြီးရှိပါတယ်။ အခုလည်း လဝကထိပြောပေးထားတဲ့ သူတွေရှိတယ်။ သူ ကျန်နေခဲ့တာကလည်း သူလည်း လဝကကို အကြောင်းကြားထားတာပါမယ်ဟု ဂျပန်နိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများတွင် ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

ဂိုးသမားပြည့်လျှံအောင်သည်  ဂျပန်အသင်းနှင့် မြန်မာအသင်းတို့ ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လက်ပေါ်၌ we need justice ဟု ရေးသား၍ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာအဖွဲ့များက ပြည့်လျှံအောင်ကို မြန်မာပြည်မပြန်ဘဲ ဂျပန်နိုင်ငံတွင် ဆက်နေနိုင်ရန် ကူညီပေးနေကြခြင်းဖြစ်ပြီး ပြည်လျှံအောင်ကို ဒုက္ခသည်ဗီဇာပေးမည့် သဘောရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည့်လျှံအောင်ကို အိုဆာကာရှိ မြန်မာများက ကူညီ စောင့်ရှောက်ပေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *