သိန္နီမြို့ကြား ပါဂျူရွာဘက် စစ်တပ် နှင့် KIA တိုက်ပွဲပြင်းထန်

သိန္နီမြို့ကြား ပါဂျူရွာဘက် စစ်တပ် နှင့် KIA တိုက်ပွဲပြင်းထန်

မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။

မနက်ပိုင်း နာရီဝန်းကျင်ခန့် အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နဲ့ သိန္နီမြို့ကြား ပါဂျူ ရွာဘက်ကိုလှုပ်ရှားဝင်ရောက်လာတဲ့   စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်ဘက်ပစ်ခတ်မှုမှာ ကျဆုံးတဲ့ စာရင်းကိုတော့ မသိရသေးဘူးလို့ ကေအိုင်အို၊ ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *