အလောင်းတော်ကဿပ ​တောအတွင်းမှ သစ်သူခိုး/ပွဲစားများတွေ့လျှင် ပစ္စည်းရော အသက်ပါ အာမ မခံကြောင်း PDF သတိပေး

ကနီ၊ ဇွန် ၁၆
အလောင်းတော်ကဿပ ​ဘေးမဲ့တောအတွင်းမှ သစ်သူခိုး/ပွဲစားများကိုတွေ့လျှင် ပစ္စည်းရော အသက်ပါ အန္တရာယ်ရှိမည်ဖြစ်ကြောင်း ပုလဲမြို့နယ် PDFက သတိပေးလိုက်သည်။

ပုလဲ၊ ယင်းမာပင် နှင့် ကနီ သုံးမြို့နယ်အစပ် ပြည်သူတို့အမြတ်တနိုး တန်ဖိုးထားရာ အလောင်းတော်ကဿပဘုရားနယ်မြရှိ ဘေးမဲ့ကြိုးဝိုင်းသစ်တောအတွင်းမှ သစ်ပင်များအား သစ်ခိုး သစ်ပွဲစားများမှ ကိုယ်ကျိုးအတွက် ခိုးယူရောင်းချနေမှုအား စိတ်မကောင်းဖွယ်ရာ တွေ့ရှိနေကြရကြောင်း၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသကဲ့သို့ ၎င်းသစ်ခိုး သစ်ပွဲစားများသည် တိုင်းပြည်အမွေအနှစ်များကို ခိုးယူသုံးစွဲနေသူများအဖြစ် ကျွန်ုပ်တို့ PDF နှင့်ပြည်သူအများစု မှသတ်မှတ်လိုက်ပြီဖြစ်ကြောင်း ယနေ့ PDF ၏ ထုတ်ပြန်ချက်ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်တို့နှင့်တကွ တိုင်းပြည်ဘဏ္ဍာများအား လက်လှမ်းမှီသမျှ တတ်နိုင်သည့်စွမ်းအားဖြင့် ကာကွယ်ကြရမည်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအသိပေးကြေငြာချိန်မှစ၍ မြို့နယ်အတွင်း သစ်ခိုး သစ်ပွဲစား သစ်ကားများအား ကျွန်ုပ်တို့တွေ့ရှိခဲ့ပါက ပစ္စည်းရော အသက်ပါအန္တရာယ်ရှိစေနိုင်ကြာင်း အသိပေးကြေငြာလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Leave a Reply

Your email address will not be published.