မီဇိုရမ်ပြည်နယ် Mizoram ၀န်ကြီးချုပ် Zoramthanga ကသူ၏အစိုးရသည်ပြည်နယ်အတွင်းခိုလှုံနေသောမြန်မာနိုင်ငံသားများကို ငွေကြေးထောက်ပံ့ပေးမည်ဟု ဗဟိုလူငယ် Mizo အသင်း (CYMA) မှခေါင်းဆောင်များနှင့် မြန်မာနိုင်ငံသားများအားကယ်ဆယ်ရေးနှင့် ပတ်သက်၍ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Mizoram News တွင် ဖော်ပြချက်အရ သိရပါသည်။
ပိုက်ဆံမကြာမီ ထောက်ပံ့နိုင်လိမ့်မည်ဟု Mizoram ပြည်နယ် ဝန်ကြီးချုပ်မှ ပြောသည်။
၀န်ကြီးချုပ်က CYMA ခေါင်းဆောင်များအား ပြောကြားရာတွင် သူ၏အစိုးရသည် လူသားချင်းစာနာထောက်ထားမှုအရ ပြည်နယ်အတွင်းခိုလှုံရန်ရှာကြံနေသော မြန်မာပြည်သူများအားကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဟုပြောကြားခဲ့သည်။.
ဖေဖော်ဝါရီလက အိမ်နီးချင်းမြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းမှုအပြီးချင်းပြည်နယ် ၀န်ကြီးချုပ် Salai Lian Luai အပါအဝင် မြန်မာနိုင်ငံမှလူပေါင်း ၉,၂၄၇ ဦး သည် Mizoram တွင်ခိုလှုံခဲ့ကြသည် ဟုအကြီးတန်းရဲအရာရှိ PTI သို့ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပါတီ၏ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဥပဒေပြုအမတ် ၂၄ ဦး သည်လည်းပြည်နယ်အတွင်းခိုလှုံနေသော မြန်မာနိုင်ငံသားများထဲတွင် ပါဝင်ကြောင်း သိရသည်။
Mizoram ပြည်နယ်တွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများကိုအရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ကျောင်းသားအဖွဲ့အစည်းများက အမိုးအကာနှင့်အစားအစာများထောက်ပံ့ပေးထားသည်။
Photo: (DIPR Mizoram)