အိမ်ထောင်စု (၁၀၀)စာနဲ့မိဘမဲ့ဂေဟာမှကလေးတွေအတွက်လှူဒါန်းခဲ့တဲ့ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေအတွက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေပြုလုပ်နေတာကိုလည်း ပရိသတ်တွေ မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။

ရေဗက္ကာဝင်းကတော့ ဒီနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူအချို့အတွက် စားသောက်ကုန်တွေလှူဒါန်းပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မှော်ဘီက မိဘမဲ့ဂေဟာ အပြင် အိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်များကို အလှူရှင်တွေနဲ့စုပေါင်းကာ လှူဒါန်းဖြစ်ခဲ့ပါတယ်။

သူရဲ့ ယနေ့ အလှူလေးနဲ့ ပတ်သက်ပြီးလည်းဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့ Australia Perth မှ မြန်မာမိသားစုများ We love Rebecca Win groupနဲ့ Nestle Myanmar တို့နဲ့ပေါင်းပြီး မှော်ဘီမိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ပြည်သူများကို အိမ်ထောင်စု ၁ဝဝစာ ပေါင်းရှည်ဆန် ၃ပြည် ဟင်းသီးဟင်းရွက်ဆီ ၁ဗူး ပဲကြာဇံ ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံးဟင်းခတ်မှုန့် ၂ပါကင် တို့ကို မေတ္တာပြမျှဝေလှူဒါန်းခဲ့ပါတယ်ရှင်ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi/

အိမ်ထောင်စု (၁၀၀)စာနဲ့မိဘမဲ့ဂေဟာမှကလေးတွေအတွက် အလှူရှင်တွေနဲ့စုပေါင်းပြီး လိုအပ်တာတွေလှူဒါန်းပေးလိုက်တဲ့ ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေအတွက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေပြုလုပ်နေတာကိုလည်း ပရိသတ်တွေ မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။

ရေဗက္ကာဝင်းကတော့ ဒီနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူအချို့အတွက် စားသောက်ကုန်တွေလှူဒါန်းပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မှော်ဘီက မိဘမဲ့ဂေဟာ အပြင် အိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်များကို အလှူရှင်တွေနဲ့စုပေါင်းကာ လှူဒါန်းဖြစ်ခဲ့ပါတယ်။

သူရဲ့ ယနေ့ အလှူလေးနဲ့ ပတ်သက်ပြီးလည်းဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့ Australia Perth မှ မြန်မာမိသားစုများ We love Rebecca Win groupနဲ့ Nestle Myanmar တို့နဲ့ပေါင်းပြီး မှော်ဘီမိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ပြည်သူများကို အိမ်ထောင်စု ၁ဝဝစာ ပေါင်းရှည်ဆန် ၃ပြည် ဟင်းသီးဟင်းရွက်ဆီ ၁ဗူး ပဲကြာဇံ ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံးဟင်းခတ်မှုန့် ၂ပါကင် တို့ကို မေတ္တာပြမျှဝေလှူဒါန်းခဲ့ပါတယ်ရှင်ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *